အိန္ဒိယ-မြန်မာ နယ်စပ်ဒေသက ချင်းပြည်သူများ၏ ဘဝအခြေနေကို ပုံဖော်ခြင်း

R.Lakher

အိန္ဒိယ နှင့် မြန်မာသည် ကီလိုမီတာ ၁၆၀၀ ခန့် နယ်နမိတ်ချင်းထိစပ်ကြ ပြီး အိန္ဒိယ ဘက်တွင် ပြည်နယ် လေးခု ( Mizoram, Manipur, Nagaland, Aronachal Pradash) နှင့် မြန်မာ ဘက်မှ ပြည်နယ်/တိုင်း သုံးခု ( Chin, Sagaing, Kachin) တို့နှင့် ထိစပ်ကြသည်။  အိန္ဒိယ ပြည်နယ် (၄) ခုအနက် ပြည်နယ် (၂) ခု ဖြစ်သော Manipur နှင့် Mizoram တို့သည် မြန်မာနိုင်ငံမှ ကုန်သွယ်ရေး၊ ဒုက္ခသည်အရေး၊ စီးပွားရေး၊ တရားမဝင်မှောင်ခိုပစ္စည်းများ ရောင်းဝယ်ရေးတို့အတွက် အဓိက ကျသော ပြည်နယ်နှစ်ခုဖြစ်သည်။

ဤဆောင်းပါးတွင် ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ် တို့အကြားနယ်စပ်တစ်လျှောက်တွင် နေထိုင်ကြသော ချင်းပြည်သူများ နှင့် စစ်ဘေးရှောင်များ၏ ဘဝအကြောင်း နှင့် ကြုံတွေ့နေကြရသော ဆင်းရဲဒုက္ခများကိုပုံဖော်ပြချင်ပါသည်။

နယ်စပ်တစ်လျှောက်မှ မိဘပြည်သူများ

ချင်းပြည်နယ်-မီဇိုရမ်ပြည်နယ် နယ်စပ်တစ်လျှောက်သည် တစ်ခြားသော နယ်စပ်ဒေသများနှင့် မတူပဲ ဖွံ့ဖြိုးမှုနောက်ကျသည့်နယ်ဒေသဖြစ်သည်။ တောတောင်လျှိုမြောင်ထူထပ်ပြီး၊ ၁၂ ရာသီ အသုံးပြု၍ရသော ကားလမ်းများ၊ တံတားများ မပေါက်သေးသော ဒေသဖြစ်သည်။ နယ်စပ်ဒေသ ဖြစ်သော်လည်း နယ်စပ်ကုန်သွယ်ရေး နှင့် နယ်စပ်စျေးကွက်မရှိသော ဒေသဖြစ်သည်။ အကြောင်းရင်းများအနက်တစ်ခု မှာ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင်အဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး၊ မီဇိုရမ်သည် အိန္ဒိယတွင် အဆုံးရဲဆုံး ပြည်နယ်ဖြစ်နေသောကြောင့် ဖြစ်သည်။ နှစ်နိုင်ငံစလုံးမှ အစိုးရများက ဤ နယ်စပ်ဒေသကို နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ထို့ကြောင့် ဤ နယ်စပ်ဒေသမှ ပြည်သူများသည် ရွှေ့ပြောင်းတောင်ယာစနစ်များကိုသာ ဒီနေ့ချိန်အထိအားကိုးရှင်သန် နေထိုင်ကြရသည်။ ထို့အပြင် ဤ နယ်စပ်ဒေသမှ ပြည်သူများသည် လမ်းပန်းဆက်သွယ်ရေးများ မကောင်းခြင်း၊ အင်တာနက်များ မရရှိခြင်း၊ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု နှင့် ပညာရေးဝန်ဆောင်မှုများမရရှိကြပေ။ ကမ္ဘာနှင့်အဆက်အသွယ် ပြတ်နေသောဒေသဟု ဆိုလျှင် မှားမည် မဟုတ်ပေ။

၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းတွင် နယ်စပ်တစ်လျှောက်မှ ပြည်သူများသည် ဆင်းရဲဒုက္ခများကို အရင်ကထက် အဆပေါင်းများစွာခံစားကြရသည်။ စစ်ကောင်စီက ပြည်မဒေသမှ ချင်းပြည်နယ်သို့ ကုန်စည် စီးဆင်းမှုများ အားလုံးကိုကုန်ဖျက်တောက်ထားသည်။ ဤဒေသများတွင် အစိုးရ ယန္တရားများ မလည်ပတ်တော့ပေ။ ပြည်သူ့ဝန်ဆောင်မှုများ (ပညာရေး၊ကျန်းမာရေး) လည်းမရှိတော့ပေ။ ဒုက္ခ ရောက်နေကြသည့် ပြည်သူများ တောင်ယာခုတ်ကာ ကိုယ်ထူကိုယ်ထ နည်းလမ်းဖြင့် ကျောင်းဆရာများ၊ ကျန်းမာရေးဝန်ထမ်းများ ငှားကာ မိမိတို့သားသမီးများ၏ အနာဂတ်ရှေ့ရေး အတွက် ရှင်သန် ရုန်းကန်နေကြရသည်။ အခြေခံစားသောက်ကုန်ပစ္စည်းများကို အိန္ဒိယ ဖက်မှ ယူကြရသော်လည်း ကုန်စျေးနှုန်း အဆမတန်ကြီးမားခြင်း၊ ငွေလဲနှုန်းများမတည်မငြိမ်ဖြစ်ခြင်း၊ ဘာသာစကားမပေါက်ခြင်း စသော အခက်ခဲများ နှင့်ရင်ဆိုင်နေကြရသည်။ ဤ ဒေသမှ ပြည်သူမျာသည် လက်ရှိတွင် ရန်ကုန်သို့သွားလိုပါက  Aizawl-Champhai-Kalay လမ်းကြောင်းကိုအသုံးပြုကြပြီး  (၈) ရက်နီးပါးကြာ ခရီးသွားကြရသည်။ ပြည်သူများထဲတွင် ပိုပြီးဆင်းရဲဒုက္ခခံနေကြရသူများမှာ ကလေးငယ်နှင့် မိခင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ ဖြစ်ကြမည်မှာ သေချာသည်။ ဤ ဒေသမှ ပြည်သူများသည် ၂၀၁၉ ကိုဗစ်ကာလမှ ယနေ့ချိန်အထိ (၆) နှစ်ကျော်ကြာ ကပ်ဘေး၊ စစ်ဘေး၊ စစ်ပွဲရေဘေး၊ ကြမ်းတမ်းသော ရာသီဥတုဘေးစသဖြင့် ဘေးဒုက္ခပေါင်များစွာကို အလုအလဲရင်ဆိုင်နေကြရသည် ကို ကမ္ဘာက မသိပုံရသည်။ ထို့ကြောင့်စစ်ပွဲများဘယ်ချိန်ပြီးမလဲ၊ နိုင်ငံရေးများ ဘယ်ချိန် ပြန်ကောင်းမလဲ၊ ဘယ်ဘုရား၊ ဘယ်သူရဲကောင်းများ မိမိတို့ကိုလာကယ်မလဲ ဟူသော မျော်လင့်ချက်များ ဖြင့် နေ့စဥ် ရှင်သန်နေကြရမည် ကို မြင်ရာင်မိပါသည်။

နယ်စပ်တစ်လျှောက်မှ စစ်ဘေးရှောင်များ

နယ်စပ်ဒေသများ စစ်ဘေးရှောင်များသည် ချင်းပြည်နယ်အတွင်းမှ ပြည်သူများနည်းတူ ဆင်းရဲဒုက္ခများ ခံစားနေကြရသည်။ လက်ရှိတွင် မီဇိုရမ်ပြည်နယ်တွင် မြန်မာပြည်မှ စစ်ဘေးရှောင်ပေါင်း ၆၀,၀၀၀ နီးပါးသည် ခရိုင် (၈) ခုတွင်ဖြန့်ကျဲနေထိုင်ကြသည်။ ထက်ဝက်နီးပါးသည် ချင်းပြည်နယ်နယ်နှင့် ထိစပ်နေသော ဆိုင်းဟားခရိုင်၊ လောင်တလိုင်ခရိုင်နှင့် ကျန်ဖိုင်ခရိုင် များတွင် နေထိုင်ကြသည်။

မီဇိုရမ်ပြည်နယ်တွင် နေထိုင်ကြသော စစ်ဘေးရှောင်များသည် အိန္ဒိယ အစိုးရ၏ တရားဝင် အသိမှတ်ပြုခြင်း မခံရသောကြောင့် နိုင်ငံတကာမှ လူသားခြင်းစာနာထောက်ထားမှု အကူအညီများ မရရှိကြပါ။ တခြားနိုင်ငံ (Bangladesh, Thailand)ကဲ့ သို့ နိုင်ငံတကာအဖွဲ့စည်းများ၊ ကုလသမက အဖွဲ့အစည်းများ မရှိပေ။

လိုင်တလိုင်ခရိုင်တွင်နေထိုင်သော ဒုက္ခသည် ခေါင်းဆောင်တစ်ဦးမှ “ကျနော်တို့ ဒီနေရာကို စရောက်တဲ့ချိန်မှာ အကူညီရကြတယ်၊ ဒေသခံများကလည်း ဆန်များ၊ ဆီများ၊ အကျီများ ပေးကြတယ်၊ ဒါပေမယ့် အချိန်ကြာလာတော့ အကူညီတွေမရတော့ဘူး၊ ခုဆိုအကူညီမရတာ () ရှိပြီ ဟု ဆိုသည်။

မီဇိုရမ်ပြည်နယ်မှ ဒုက္ခသည်များသည် နိုင်ငံခြားရောက် မိမိတို့၏ ဆွေမျိုး၊အသိုင်းအဝိုင်းများ အပေါ်တွင် မှီခိုအားထားနေကြရသည်။ စစ်ဘေးရှောင်အများစုသည် လုံလောက်သော လူသားခြင်းစာနာထောက်ထားမှု အကူအညီများမရရှိသည့်အပြင် မီဇိုရမ်ပြည်နယ်အတွင်းတွင် တောင်ယာစိုက်ပျိုးခြင်း၊ စီးပွားရေးလုပ်ခြင်း၊ မွေးမြူးရေးလုပ်ကိုင်ခွင့်များမရရှိကြပေ။ ထို့ကြောင့်ချင်းပြည်နယ်တည်ငြိမ်ပြီး မိမိဒေသကို အမြန်ဆုံးပြန်နိုင်ရန် တောင်းတနေကြမည်မှာ သေချာသည်။

အိန္ဒိယ (မီဇိုရမ် ပြည်နယ်) -မြန်မာ (ချင်းပြည်နယ်) နယ်စပ်တစ်လျှောက် တွင် နေထိုင်ကြသော မိဘပြည်သူများ နှင့် စစ်ဘေးရှောင်များသည် ‌ေခတ်အဆက်ဆက် နှစ်ပေါင်းများစွာ နှစ်ဖက် နိုင်ငံ အာဏာပိုင်များမှ လျစ်လျူရှုထားသည့်အပြင် ယခုကာလတွင် ဘေးပေါင်းစုံ၊ ဆင်းရဲဒုက္ခပေါင်းစုံနှင့် အသက်ရှင်နေထိုင် ရုန်းကန်နေကြသည်။

Be A voice for the Voiceless!

R.Lakher

+918731065896 (Signal, WhatsApp No)

နောက်ဆုံးရသတင်းများ

ကျခဲရွာကပြည်သူ ၄ ဦးကို စစ်ကောင်စီကအရှင်လတ်လတ်မီးရှိုးသတ်ဖြတ်ပြီး ထွက် ပြေးတဲ့ချိန်သေနတ်ဖြင့်ပစ်ခတ်လို့တစ်ဦးသေ

၂၇ ၊ အောက်တိုဘာ၊၂၀၂၄ Zalen မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်ရှိ ကျခဲရွာကို ထီးလင်းမြို့ပေါ်တွင်တပ်စွဲထားကြတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်‌ သား၊ရဲသား၊ပျူစောထီး တပ်များက ယမန်နေ့ မနက်ပိုင်း ၄ နာရီမှာ ရွာထဲကိုအကြမ်း ဖက်၀င်စီးနင်းခဲ့တယ်လို့သိရပါတယ်။ အဲဒီလို၀င်စီးတဲ့အချိန်မှာသေနတ်တွေပစ်ဖောက်ပြီး ထွက်ပြေးတဲ့ရွာသူ၊ရွာသားတွေကိုသေနတ်နဲ့လိုက်ပစ်နေသလို ထွက်‌ပြေးဖို့အချိန်မရတဲ့သူတွေကို ...

ဆက်ဖတ်ရန်