အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးခတ်မှာကိုအဆုံးတိုင်ကန့်ကွက်မယ်လို့ ZORO ပြော

၂၂ ၊ နိုဝင်ဘာလလ၊ ၂၀၂၅

Zalen

အိန္ဒိယအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့အစီအစဉ်ဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြားနယ်စပ်ခြံစည်းရိုးခတ်မယ့် အစီအစဉ် အဋ္ဌမအကြိမ်မြောက် ဆက်လက်ကန့်ကွက်သွားမယ်လို့ မီဇိုရမ်အခြေစိုက် ဇိုပြန်လည်ပေါင်းစည်းရေး အသင်း ( Zo Re-Unification Organization – ZORO ) ထပ်မံပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ZORO က မီဒီယာများနဲ့တွေ့ဆုံခဲ့ကြရာ အိန္ဒိယအစိုးရက သွေးသားတော်စပ်တဲ့ ညီအကိုများကိုပိုင်းခြားရန်ကြိုးပမ်းနေတာဖြစ်ကြောင်း ၊ ဒီခြံစည်းရိုးခတ်မယ့်ကိစ္စကို ZORO အနေဖြင့် အလေး ထားစဉ်းစားရာ ကျွန်တော်တို့အတွက်ကောင်းကျိုးမဖြစ်စေကြောင်း ပြောကြားထားပါတယ်။

အလားတူ ပြည်ထဲရေးဝန်ကြီးရဲ့အစီအစဉ်အရ ခြံစည်းရိုးခတ်မယ်ဆိုပါက နယ်စပ်ကနေ ကိုက် ၁၅၀ မှာ ခြံစည်းရိုး များခတ်မှာဖြစ်လို့ မီဇိုရမ်ရဲ့နယ်မြေများဆုံးရှုံးမယ့်အပြင် နယ်စပ်မှာနေထိုင်တဲ့ပြည်သူများအတွက် စား ဝတ်နေရေးကအစ ဒုက္ခရောက်ကြမှာသေချာတယ်လို့ဆိုပါတယ်။

လက်ရှိ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်ခြံစည်းရိုးခတ်နေတာကို ကြည့်ရင် မီဇိုရမ်ပြည်နယ်ထဲပါတဲ့ ကျေးရွာ ၁၂ ရွာ အပြင် တောင်တန်းဒေသရှိ ရွာ ၃ ရွာကို မီဇိုရမ်ရဲ့ပြင်ပရောက်အောင်ခြံစည်းရိုးခတ်ကြတာကို ကြည့်ခြင်းအားဖြင့် သိသာထင်ရှားတယ်လို့လည်းပြောဆိုထားပါတယ်။

အိန္ဒိယဗဟိုအစိုးရရဲ့ ခြံစည်းရိုးခတ်မယ့်အစီအစဉ်ကို အစပိုင်းမှာ မီဇိုရမ်အစိုးရအပြင် အရပ်ဘက်အဖွဲ့အစည်းများအားလုံးက ကန့်ကွက်ခဲ့ကြပေမယ့် ကြာလာတဲ့အခါ ဒီကိစ္စအပေါ်

ပြန်လည်ငြိမ်သက်လာကြလို့ ပြည်ထဲရေးဝန်ကြီးကလည်း လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ရာ ယခုအခါ အိန္ဒိယ-မြန်မာ နယ်စပ်က ကျေးရွာတစ်ချို့ကိုလည်း စစ်တမ်းကောက်ယူမှုတွေလုပ်ဆောင်နေပြီလို့ ZORO ဒုဥက္ကဋ္ဌ က ပြောကြားထား ပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ နယ်စပ်အဝင်အထွက်ဂိတ် ၁၄ ခုရှိရာ Hnahthial ခရိုင်ထဲက နယ်စပ်ဂိတ်အနီးရှိကျေးရွာများမှာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ စစ်တမ်းကောက်ယူမှုများပြုလုပ်ခဲ့ကြတယ်လို့သိရ ပါတယ်။

Zo Re-unification Organization – ZORO ဟာ ဗြိတိသျှအစိုးရရဲ့နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် ဘင်္ဂလားဒေရှ့် -အိန္ဒိယ – မြန်မာ သုံးနိုင်ငံမှာ နေထိုင်ကြတဲ့ ချင်း (ဇို) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းကာ အုပ်ချုပ်မှုတစ်ခုအောက်မှာ နေထိုင်နိုင်ဖို့လိုလားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

သတင်း – Mickey

ပုံအညွှန်း – အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်ထားတဲ့တစ်နေရာအားတွေ့ရပုံ

#နယ်စပ်ခြံစည်းရိုး#ZORO#အိန္ဒိယ-မြန်မာ#zalen

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းဖြင့် သုံးကြိမ် ဗုံးကြဲပစ်ခတ်

နို၀င်ဘာ ၂၂၊၂၀၂၅ Zalen ချင်းပြည်နယ် ၊ မင်းတပ်မြို့ နယ်အနောက်ခြမ်း တစ်နေရာကို ယနေ့ နေ့လယ် (၃:၀၀)နာရီ၀န်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေထံမှ သိရပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ မင်းတပ် – ...

ဆက်ဖတ်ရန်