အိန္ဒိယ အစိုးရ ဆောက်‌လုပ်နေတဲ့ နယ်စပ်ခြံစည်းရိုးကို ကန့်ကွက်တဲ့အနေနဲ့ နာဂဒေလူထုမှ အသံတိတ်သပိတ်ဆင်နွဲ

ဇန်နဝါရီ ၂၄၊ ၂၀၂၆။

Zalen

စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့် ဒေသမှာ အိန္ဒိယအစိုးရက ဆောက်လုပ်နေတဲ့ နယ်စပ်ခြံစည်းရိုးကာရံမှုကို နာဂတိုင်းရင်သားများက ကန်ကွက်တဲ့ အနေနဲ့ အသံတိတ်သပိတ် ဆင်နွဲခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် မြန်မာပြည် နာဂဒေသမှာ အိန္ဒိယအစိုးရက လုပ်ငန်းအကောင်အထည်ဖော်နေတဲ့ နယ်စပ်ခြံစည်းရိုးကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေသခံ နာဂပြည်သူများက ကန့်ကွက်တဲ့အနေနဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုတခုကို ဆောင်ရွက်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်များဆီက သိရပါတယ်။

Zalen ad

အဲဒီလို နာဂပြည်သူတရပ်လုံးရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှု ကို ညီညွတ်သောတန်ရှန်းနာဂကောင်စီက ဦးဆောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၂၀ရက်နေ့က အိန္ဒိယနိုင်ငံ နန်ပေါင်မြို့တွင်စတင်ကျင်းပခဲတဲ့ PPIF ပွဲတော်ကို သပိတ်မှောက်တဲ့အနေနဲ့ သွားရောက်ပူးပေါင်းပါဝင်ခြင်းလည်း မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။

အဲဒီ PPIF ပွဲတော်ကျင်းပခဲ့တဲ့ ပွဲတော်ကာလဖြစ်တဲ့ ဇန်နဝါရီလ ၂၀ရက်နေ့နဲ့ ၂၁ ရက်နေများတွင် အိန္ဒိယ မြန်မာနယ်စပ် ပန်ဆောင်မြို့နယ်စပ်မှာ နယ်စပ်ခြံစည်းရိုးအလိုမရှိ( No Border Fencing)၊ ဌာနေတိုင်းရင်းသားအခွင့်အရေးကိုလေးစားပါ၊ ခြံစည်းရိုးလုပ်ငန်းကိုရုပ်သိမ်းပေးပါဆိုတဲ့ ပိုစတာများကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

ယင်းသို့ ဒေသခံနာဂပြည်သူများ ဆန္ဒဖော်ထုတ်လှုပ်ရှားမှုကို နယ်စပ်ဂိတ်မှာတာဝန်ကျတဲ့ အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့ ဝင်များက တားမြစ်ကန့်ကွက်ခဲ့သလို စိုက်ထူထားတဲ့ဗီနိုင်းပိုစတာ များကိုလည်း ဖြုတ်ပစ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီလို အိန္ဒိယအာသံရိုင်ဖယ်တပ်ဖွဲဝင်များက တားမြစ်တဲ့ ကြားက ဒေသခံနာဂတိုင်းရင်းသားများက ဆန္ဒဖော်ထုတ်ပွဲကို အောင်မြင်စွာလုပ်ဆောင်ခဲ့သလို ခရီးသွားပြည်သူများကလည်း စိတ်ဝင်စားလာကြတယ်ပြီး သပိတ်ကိုဦးဆောင်ခဲ့တဲ့ ညီညွတ်သောတန်ရှန်းနာဂကောင်စီအဖွဲ့တာဝန်ရှိသူများကို PPIF ပွဲတော်ကို တက်ရောက်ခဲ့တဲ့ အိန္ဒိယ သတင်းမီဒီယာများက တွေဆုံမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကစပြီး န္ဒိယနိုင်ငံနဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသ အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးလုပ်ငန်းကို စတင်အထောင်ထည်ဖောက် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

သတင်း – ချင်းတွင်းသား

ပုံစာ – နာဂဒေသမှာ နယ်စပ်ခြံစည်းရိုးကာရံမှုကို ကန့်ကွက်ဆန္ဒဖော်ထုတ်နေတဲ့ နာဂပြည်သူများ။

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပိုင်း (၃)ကို စောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်ရှိ

ဇန်နဝါရီ ၂၄၊ ၂၀၂၆Zalen ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ နောက်ဆုံးအဆင့်ကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်ကို ရောက်ရှိလာပြီလို့ စစ်ကောင်စီက ...

ဆက်ဖတ်ရန်