အိုလံပစ် အားကစားအကြောင်းသိကောင်းစရာ

၂၇ ၊ဇူလိုင် ၊၂၀၂၄

Zalen

အိုလံပစ်ပြိုင်ပွဲကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၇၀၀ လောက်ကတည်းက ဂရိနိုင်ငံ၊ကိုလံပီယာမြို့မှာ ဂရိလူမျိုးတွေက လေးနှစ်တစ်ကြိမ် ပွဲ များပြုလုပ်ရာကနေအစပြုပြီး ပေါက်ပေါက်လာခဲ့တာဖြစ်တယ်လို့ လေ့ လာသူတွေကဆိုကြပါတယ်။

ဇူနတ်ဘုရားကြီးအားပူဇော်ပသရန်အတွက်လည်း ကောင်း၊ နတ်များအားပူဇော်ပသ တဲ့ပွဲများတွင်လည်း ကောင်း၊စားသောက်ပွဲကြီးများတွင်လည်ကောင်း၊ကခုန်ကစားပွဲများ ကျင်းပခဲ့ကြပြီး ထိုပွဲများဟာ အိုလံပစ်ပြိုင်ပွဲရဲ့သမိုင်းအစ ဖြစ်လာခဲ့တယ်လို့လည်း ဆိုကြတယ်။

အိုလံပစ်အားကစားပြိုင်ပွဲများကို ဂရိနိုင်ငံက အစပြုခဲ့တဲ့ အားကစားပြိုင်ပွဲဖြစ်တာကြောင့်လည်းဂရိလူ မျိုး များ နတ်ဘုရား ပုံပြင်ဆန်ဆန်ပဲသမိုင်း ကြောင်းများ လည်းဆက်နွယ်နေပါတယ်။

ဒီအားကစားပြိုင်ပွဲကို ပထမဉီးဆုံး ဂရိအမျိုးသားစစ်စစ်သာဆိုလျှင် အိုလံပစ်အားကစားပွဲမှာပါ၀င်ယှဉ်ပြိုင်ခွင့်ရကြပေမယ့် ရောမဘုရင်ဧကရာဇ် ကြီး စိုး တဲ့ခေတ်ကိုရောက်လာတဲ့အခါမှာရောမအားက စား သမားတွေ ကပါ ၀င်ရောက်ယှဉ်ပြိုင်လာကြတာဖြစ်ပါတယ်။

ရောမဧကရာဇ်တို့က ဂရိတို့၏ အယူဝါဒရေး၊မျိုးချစ်စိတ်ထက်သန်ရေး၊အားကစားနှင့်ကာယဗလ ဖွံ့ဖြိုးရေး စတဲ့ ပွဲတော်ကြီးများကို ပျော်ပွဲရွှင်ပွဲ သက် သက်အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။

အဲလိုပြောင်းလဲလိုက်တာကနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာ အိုလံပစ်အားကစားပွဲလုပ်ရတဲ့မူလရည် ရွယ်ချက်က ပျောက်ကွယ်လာခဲ့ပြီးကြေး စားအား ကစားသမားများပါ၀င်လာခဲ့တာကြောင့်ကြေးစားအားကစားဆန်ဆန်ပဲဖြစ်လာခဲ့ပါတယ်။အေဒီ ၃၉၄ မှာတော့ ရောမဘုရင်ဧကရာဇ် သီအိုဒိုးရပ်က အိုလံပစ်အားကစားပြိုင်ပွဲကိုပိတ်ခဲ့တာကြောင့်နှစ်ပေါင်း ၁၅၀၀လောက် တိမ်မြုပ်ခဲ့ရပါတယ်။

၁၈၉၄ခုနှစ်မှာတော့ပြင်သစ်အမျိုးသားဗဲရွန်ပီယဲဒါ ကူဗာတင်ရဲ့ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီကိုဖွဲ့စည်းခဲ့ပြီး အိုလံပစ်ပြိုင်ပွဲများကို ပြန်လည်ကျင်းပဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

၁၈၉၆ခုနှစ်မှာတော့ ဂရိနိုင်ငံ၊အေသင်မြို့မှာ ခေတ် သစ်အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၄ နိုင်ငံ၊ ကစား သမားစုစုပေါင်း ၂၀၀ ဖြင့် ကျင်းပနိုင်ခဲ့ပါတယ်။

အဲဒီကနေ တစ်စတစ်စ တိုးချဲ့ကျင်းပလာခဲ့တဲ့အိုလံပစ်အားကစားပြိုင်ပွဲ ဟာ အားကစားနည်းပေါင်း ၂၈ မျိုး၊ အားကစားအမျိုးအစားပေါင်း ၃၀၂ ခုအထိ ကျယ်ပြန့်လာခဲ့ပါတယ်။

အိုလံပစ်၏သက်ေတအမှတ်လက္ခဏာကို အဝါ၊အနီ၊အပြာ၊အစိမ်း၊အနက်စတဲ့အရောင်တစ်မျိုးစီချိတ်ဆက်ထားတဲ့ အကွင်း ၅ ကွင်းဖြစ်ပြီး၊အ‌ ရောင် ၅မျိုးရွေးချယ်ခြင်းက‌ တော့ နိုင်ငံတိုင်းရဲ့အ လံမှာအရောင်တစ်ခုမဟုတ်တစ်ခုပါနေခြင်းကြောင့်ဖြစ်သလို ကွင်း ၅ ကွင်ူချိတ်ထားတဲ့သဘောကတော့ တိုက်ကြီး ငါးတိုက် စည်းလုံးညီညွတ်ခြင်းကို ပြသထားတာလည်းဖြစ်ပါတယ်။

အိုလံပစ်ပွဲတွကျင်းပတော့မယ်ဆို ရင်လည်း မူလကျင်းပခဲ့တဲ့ ဂရိနိုင်ငံ၊အေသင်မြို့ကအိုလံပီယာတောင် ကုန်းမှာအဆက်မပြတ်တောက်လောင်နေတဲ့မီးရှူးတိုင်ကနေထွန်းညှိကူးယူပြီးအိုလံပစ်မီးရှူးတိုင်ကို အိုလံပစ်ကျင်းပမယ့် နေရာကိုယူသွားရပြီး အဓိကအားကစားကွင်းထဲမှာပြိုင်ပွဲမပြီးမခြင်း မီးရှူးတိုင် မငြိမ်းအောင်အစောင့်တွေနဲ့ ထိန်းသိမ်းရတယ်လို့သိရပါတယ်။

အိုလံပစ်အားကစားပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံအချင်းချင်းချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊နိုင်ငံအသီးသီးက ကိုယ်ကာယ ကြံ့ခိုင်သူအားကစားသမား အများအပြားပေါ်ထွက်လာစေရန်ပဲဖြစ်ပါတယ်။

အိုလံပစ်အားကစားပြိုင်ပွဲကနေ ဆုတံဆိပ် တစ်ခုခုကို ဆွတ်ခူးရရှိတဲ့ အားကစားသမားတစ်ဉီးဟာ သူ့ဘ၀အသက်မွေး၀မ်းကျောင်းအတွက် အမြင့်ဆုံးအောင်မြင်မှုလည်းဖြစ်ပါတယ်။အိုလံပစ်အားကစား ပြိုင်ပွဲဆုတံဆိပ်တွေကိုတော့ ရွှေ ၊ ငွေ ၊ကြေး ဆိုပြီးသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

၁၉၃၆ခုနှစ် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ဦးဇော်ဝိတ် က အလေးမ အားကစားနည်းဖြင့်ပါ၀င်ယှဉ်ပြိုင်ခွင့်ရခဲ့ပေမယ့် မြန်မာနိုင်ငံဟာသူ့ကျွန်ဘ၀ရောက်ခဲ့တာကြောင့် မြန်မာနိုင်ငံကိုယ်စားပြုဖြင့်ပါ၀င်ယှဉ်ပြိုင်ခွင့်မရဘဲ အိန္ဒိယနိုင်ငံ ကိုယ်စားပြုနဲ့ပါ၀င်ယှဉ်ပြိုင်ခဲ့ရပါတယ်။

မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် ၊လွတ်လပ်ရေးရရှိပြီးနောက် ပိုင်း ၁၄ ကြိမ်မြောက် လန်ဒန်အိုလံပစ်ကို တရား၀င် ပါ၀င်ခွင့်ရရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိ အိုလံပစ်‌ ဘောလုံးအားကစားပြိုင်ပွဲကိုတော့ တိုက် ၅ တိုက်က ခြေစစ်ပွဲအောင်တဲ့ အသင်း ၁၆ သင်းက ယှဉ်ပြိုင်ကစားကြတာပဲဖြစ်ပါတယ်။

အိုလံပစ်ဘောလုံးအားကစားပြိုင်ပွဲကို အအောင်မြင်ဆုံးအသင်းအဖြစ် ၃ကြိမ်စီဆွတ်ခူးကြတဲ့ ဟန်ဂေရီ ( ၁၉၅၂၊၁၉၆၄၊၁၉၆၈)၊ဂရိတ်ဗြီတိန် (၁၉၀၀၊ ၁၉၀၈ ၊၁၉၁၂)၊တို့ဖြစ်ပြီး၊ဒုတ်ယအအောင်မြင်ဆုံးအဖြစ် ဘရာဇီးလ်(၂၀၁၆၊၂၀၂၀)၊အာဂျင်တီးနား ((၂၀၀၄၊၂၀၀၈)၊ဆိုဗီယက်ယူနီယမ် (၁၉၅၆၊၁၉၈၈)၊

ဉရုဂွေး (၁၉၂၄၊၁၉၂၈)၊တို့ဖြစ်ပါတယ်။

အိုလံပစ်‌ ဘောလုံးအားကစားပြိုင်ပွဲမှာ တစ်ကြီမ်စီဆုတံဆိပ် ရရှိခဲ့ကြတဲ့အသင်းတွေကတော့ ယူဂိုဆလားဗီးယား၊စပိန်၊ပြင်သစ်၊ပိုလန်၊အရှေ့ဂျာမနီ၊အီတလီ၊နိုင်ဂျီးရီးယား၊ဆွီဒင်၊မက္ကဆီကို၊ကနေဒါ၊ချက်၊ဘယ်လဂျီယံ၊ကင်မရွန်း တို့ဖြစ်ပြီးတော့ ဒိန်းမတ်အသင်းကတော့ ဗိုလ်လာပွဲ သုံးကြိမ်အထိတက်ရောက်ခဲ့ပေမယ့် သုံးကြိမ်လုံး ငွေတံဆိပ်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။

၂၀၂၄ အိုလံပစ် ဘောလုံးအားကစားပြိုင်ပွဲကိုတော့ ပြင်သစ်အသင်းကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ၂၀၂၀ခုနှစ် ချန်ပီယံဘရာဇီးလ် ကခြေစစ်ပွဲမအောင်ခဲ့တာကြောင့်ပါ၀င်ခြင်းမရှိခဲ့ပါဘူး။

၂၀၂၄ အိုလံပစ် ဘောလုံးအားကစားပြိုင်ပွဲကို တော့ အိမ်ရှင်ပြင်သစ်အသင်းက ရွှေတံဆိပ်ဆွတ်ခူးဖို့ထိပ်ဆုံးက‌ နေရေးပန်းစားနေပြီး စပိန်၊အာဂျင်တီးနား၊ဂျပန်၊မော်ရိုကို၊အီဂျစ် တို့ကလည်း အဆင့်ဆင့်‌ ရေပန်းစားနေတာပဲဖြစ်ပါတယ်။

၂၀၂၄ ပြင်သစ်အိုလံပစ်ဘောလုံးအားကစားပြိုင်ပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ကနေစတင်ယှဉ်ပြိုင်ခဲ့ကြပြီး လာမယ့် ဩဂုတ် လ ၉ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမှာပဲဖြစ်ပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

အိန္ဒိယဗဟိုအစိုးရက ပလက်ဝနဲ့ စစ်တွေအထိလျှပ်စစ်မီးပေးဖို့ဆန္ဒရှိနေ

၁၄၊ စက်တင်ဘာလ၊ ၂၀၂၄ Zalen အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် စစ်တွေအထိ လျှပ်စစ်ဓာတ်အား ပေးဖို့ဆန္ဒရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန်ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်။။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းရေးမှူး ...

ဆက်ဖတ်ရန်