အိန္ဒိယမှာ မြန်မာ(၅)ဦးထံမှ ရွှေချောင်းကျပ် သန်း(၂၂၀၀)ကျော်ဖိုး ဖမ်းဆီး

မြန်မာ-အိန္ဒိယနယ်စပ် ဗာဖိုင်ရွာနဲ့ ဆိုင်ခုန်ဖိုင်ရွာလမ်းမှ မြန်မာ(၅)ဦးသယ်ဆောင်လာတဲ့ ရွှေချောင်း(၂၁၈)ခောျင်းကို သြဂုတ်လ(၂)ရက်မှာ အာသံရိုင်ဖယ်တပ်ရင်းလက်အောက်ခံ အမှတ် ၂၃ တပ်ခွဲမှ တပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်အမှုထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဗာဖိုင်ရွာနားမှာ ဖမ်းမိခြင်းကြောင်း အိန္ဒိယသတင်းဌာနတွေက ရေးသားပါတယ်။

ဖမ်းမိထားတဲ့ မြန်မာ ၅ဦးမှာ ချင်းပြည်နယ် ဟားခါးမြို့နယ်နဲ့ တီးတိန်မြို့နယ်ကဖြစ်ပါတယ်။ ယင်းရွှေချောင်းတွေဟာ အိန္ဒိယ ကာလတန်ဖိုး ရူပီး သန်း(၁၁၀)ခန့်ရှိပါတယ်။

အဆိုပါ မြန်မာ ၅ ဦးတို့ဟာ ဗာဖိုင်ရွာနဲ့ ဆိုင်ခုန်ဖိုင်ရွာ လမ်းတစ်လျှောက် ကင်ဘို မော်တော်ဆိုင်ကယ် ၃ စီးဖြင့် ရွှေချောင်းများ သယ်ဆောင်လာကြသည်ကို အာသံရိုင်ဖယ်တပ်ရင်းလက်အောက်ခံ အမှတ် ၂၃ တပ်ခွဲမှ တပ်ဖွဲ့ဝင်များနဲ့ မီဇိုရမ်ရဲတွေပူးပေါင်းပြီး ဖမ်းမိတာဖြစ်ပါတယ်။ ၎င်းတို့အားလုံးကို  မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်မှာ အမှုဖွင့်ထားပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်ကောင်စီရဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့အပေါ် ဒေသခံပြည်သူတို့ရဲ့ အမြင်သဘောထား မှတ်ချက်များ

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ Defense Coordination Team (TDC) ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီး သူတွေကို ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်တွေ စုဆောင်းသွားတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်