ဧဝံဂေလိတရားဟောဆရာကို မုဒိမ်းမှုအပါအဝင် ပုဒ်မ လေးခုနဲ့တရားစွဲလိုက်ပြီ

သက်ငယ်မိန်းကလေးနှစ်ဦးကို မုဒိမ်းပြုကျင့်တယ်လို့စွပ်စွဲထားတဲ့ ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@Lar Boih ကို ဒီကနေ့ ကလေးခရိုင်တရားရုံးက မုဒိမ်းမှုအပါအဝင် ပုဒ်မလေးခုနဲ့ တရားစွဲတင်လိုက်ပြီလို့သိရတယ်။

ဧဝံဂေလိတရားဟောဆရာကို တရားစွဲတင်လိုက်တဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃(နာကျင်စေမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁(အားထုတ်မှု) တို့ဖြစ်ပါတယ်။ ပုဒ်မ ၃၇၆(မုဒိမ်းမှု)ဟာ အမြင့်ဆုံး ထောင်ဒဏ်နှစ်(၂၀)ထိချမှတ်နိုင်တယ်။

Evan. S Lar Boih

“နောက်ရုံးချိန်းကျရင် တရားခံရော၊ တရားလိုရော စစ်ဆေးမယ်။ ဒီနေ့တရားစွဲတင်တာပဲဖြစ်တယ်” လို့တာဟန်းရဲစခန်းတာဝန်ရှိသူကဆိုပါတယ်။

ကလေးမြို့နယ် လက်ပံချောင်းရွာမှာနေထိုင်တဲ့ ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@ Lar Boih ဟာ ဖလမ်းမြို့နယ်ကနေ ၎င်းတို့နေအိမ်မှာလာရောက်နေထိုင်တဲ့ မိုင်….(၁၅နှစ်)ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်….(၁၄နှစ်)ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်တယ်လို့ဆိုကာ ဧပြီလ(၁၃)ရက်တွင် ကလေးမိဘတွေကိုယ်တိုင်က တာဟန်းရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ နောက်ထပ်ရုံးချိန်းကတော့ မေလ (၂၅)ရက်ဖြစ်ပါတယ်။

Zalen ad

 

နောက်ဆုံးရသတင်းများ

တန်းတူညီမျှသော ပြည်ထောင်စုသစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF-Asho ထုတ်ပြန်

ဇန်နဝါရီ  ၂၂ ၊ ၂၀၂၆။ Zalen တန်းတူညီမျှမှုရှိသော ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာသည်အထိ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ...

ဆက်ဖတ်ရန်