ကော်ဖီပင်အသေပျောက်ဖာထေးဖို့ ရှေ့ပတ်မှာပျိုးပင် ငါးသောင်း အခမဲ့ဖြန့်ဖြူးမယ်

ချင်းပြည်နယ်မှ ကော်ဖီစိုက်တောင်သူများ အပင်အသေအပျောက် ဖာထေးစိုက်ပျိုးနိုင်ရန် ရှေ့အပတ်အတွင်း ပြင်ဦးလွင်မှ ကော်ဖီပျိုးပင်(၅၀၀၀၀)အား ပျိုးအိတ်မပဲထပ်မံသယ်ယူ၍ အခမဲ့ဖြန့်ဖြူးပေးပါမယ်လို့ တီးတိန်မြို့နယ် ထေးဇန် ကော်ဖီခြံတာဝန်ခံ ဦးမင်းလွင်ဦးထံမှသိရတယ်။

ပျိုးပင်အချို့ကို မင်းတပ်မြို့တွင်လည်း ပေးပို့ထားမယ်လို့ ၎င်းကဆက်လက်ပြောပါတယ်။ ယခုနှစ် ဇူလိုင်လမှာထေးဇန်ကော်ဖီခြံကနေ တောင်သူတွေထံ ကော်ဖီပျိုးပင် တစ်သိန်း အခမဲ့ဖြန့်ဝေထားပြီး နောက်နှစ်တွေမှာ ကော်ဖီပျိုးပင် သုံးသိန်းလောက်ဖြန့်ဝေနိုင်ဖို့စီစဉ်ထားပါတယ်။ ၂၀၁၇ခုနှစ်မှာ ကော်ဖီနဲ့ မြောက်ငိုပျိုးပင် တစ်သိန်း အခမဲ့ဖြန့်ဝေထားပါတယ်။

ကော်ဖီပျိုးပင် မှာယူလိုပါက ဦးမင်းလွင်ဦး Ph – 09 400309467 ထံဆက်သွယ်နိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်