ပလက်ဝမြို့နယ်မှာ ထိန်းသိမ်းခံရတဲ့ ကျောင်းသူနှစ်ဦး တပတ်ကြာထိ ပြန်မလွတ်သေး

ဒီဇင်ဘာ ၈၊ ၂၀၂၅ ။

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ဦးဟာ တပတ်ကြာထိ ထိန်းသိမ်းခံရပြီး ပြန်မလွတ်ပေးသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

အဲဒီကျောင်းသူ ၂ ဦးဟာ ကျောင်းတက်ဖို့ ရန်ကုန်သို့ သွားရာမှာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၁ ရက်နေ့မှာ ရှင်းလက်ဝကျေးရွာက အာရက္ခတပ်တော် (AA) ရဲ့ ဂိတ်မှာ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။

Zalen ad

“ရှင်းလက်ဝ ဂိတ်မှာ AA က စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားပါတယ်။ အဲမှာ ပြန်မလွတ်ဘဲ ဒီကနေ့ထိ ထိန်းသိမ်းခံရတာ။ အဖမ်းခံရကတည်းက သူတို့နဲ့ အဆက်သွယ်လည်း လုံးဝ မရဘူး။”လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

ထိန်းသိမ်းခံရသူ ၂ ဦးဟာ ပလက်ဝမြို့နယ်အထက်ပိုင်း၊ အထက်ငရှားရွာမှ အသက် (၁၇) နှစ်အရွယ် အွေ့နန်းဝေ နဲ့ အထက် နူံးဘူးရွာမှ သက် (၁၈) နှစ်အရွယ် အွေ့ဟွေ့ရီတို့ ဖြစ်ပါတယ်။

အွေ့နန်းဝေနဲ့ အွေ့ဟွေ့ရီတို့ဟာ ပလက်ဝမြို့မှာ နိုင်ငံရေးအခြေနေကြောင့် ကျောင်းမတက်ရသည်မှာ တနှစ်ကျော်ကြာပြီ ဖြစ်တာကြောင့် ရန်ကုန်မြို့မှာ ကျောင်းဆက်တက်ဖို့ သွားရာမှာ AA ရဲ့ အခုလို ထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။

ကျောင်းသူ ၂ ဦးဟာ ULA/AA ရဲ့ ထိန်းသိမ်းခံရကတည်းက အဆက်သွယ်မရသလို မည်သည့်နေရာမှာ ထိန်းသိမ်း ထားကြောင်းလည်း မသိရှိရတဲ့အတွက် ၎င်းတို့အခြေအနေကိုမူ မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

“AA က ခေါ်သွားတာလောက်ပဲ သိရတယ်။ ဘယ်နေရာမှာ ဘယ်စခန်းမှာ ထိန်းသိမ်းထားလဲဆိုတာကို မသိရဘူး။ ဘာကြောင့် ထိန်းသိမ်းရလဲဆိုတာလည်း မသိရပါဘူး။ အဆက်သွယ်လည်း မရဘူး။”ဟု မိသားစုဝင် တစ်ဦးက ပြောပါတယ်။

အသက်မပြည့်သေးတဲ့ ကျောင်းသူတွေ ဖြစ်တဲ့အတွက် ထိန်းသိမ်းခံထားရတဲ့ ကျောင်းသူ ၂ ဦးကို ULA/AA အနေနဲ့ အမြန်ဆုံး ပြန်လွတ်ပေးဖို့အတွက် မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ – လူမှုကွန်ရက်

#ULA/AA#ပလက်ဝ#Zalen

နောက်ဆုံးရသတင်းများ

မြန်မာစစ်ဘေးရှောင်များ ဝင်ရောက်လာမှုအပေါ် မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို CHRO တုံ့ပြန်

ဇူလိုင် ၄၊ ၂၀၂၆Zalen မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ အများအပြား မီဇိုရမ်ပြည်နယ်ကို ဆက်လက်ဝင်ရောက်လာနေတာဟာ ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုးတရပ် ဖြစ်လာနေတယ်လို့ မီဇိုရမ်ဝန်ကြီးချုပ် လာလ်ဒုအောမ်မာ (Lalduhoma) က ပြောဆိုခဲ့တဲ့အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က နေရပ်စွန့်ခွာရမှုတွေ ...

ဆက်ဖတ်ရန်