ကျောက်မဲမြို့နယ်မှာ စစ်ဘေးရှောင်တွေတိုးလာ

ကျောက်မဲမြို့နယ်မှာ စစ်ဘေးရှောင်တွေတိုးလာ
=================
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် အနီးမှာ ရှမ်းလက်နက်နှစ်ဖွဲ့တိုက်ပွဲဖြစ်ပွားတာကြောင့် ဖေဖော်ဝါရီလ(၁၁)ရက်မှာ စစ်ဘေးရှောင် လူ(၇၀)ကျော်တိုးလာပါတယ်။

SSPP(ရှမ်းပြည်တိုးတက်ရေးပါတီ)နဲ့ RCSS(ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ)တို့ဟာ ကျောက်မဲမြို့နယ်နဲ့ (၇)မိုင်ခန့်အကွာ ပန်လော့ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ(၈)ရက်နေ့ကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။

ယင်းတိုက်ပွဲကြောင့် ပန်လော့၊ နမ့်ပျဉ်နဲ့ နားပုံကျေးရွာ ဒေသခံတွေဟာ ကျောက်မဲမြို့ ဘုန်းကြီးကျောင်းတွေမှာ လာရောက်ခိုလုံကြပါတယ်။ လက်ရှိ စစ်ဘေးရှောင်လူဦးရေဟာ (၇၀၀)ကျော်ရှိပါပြီ။

Zalen ad
ကျောက်မဲမြို့ တည်နေရာပြ မြေပုံ

အသက်(၅၃)နှစ်အရွယ် ဦးတောက်ကြန်က “ခုချိန်ဟာ ပြောင်းဖူးတွေစိုက်ဖို့ ယာတွေမီးရှို့မယ့်အချိန်ဖြစ်တယ်။ ဒီချိန် ယာခင်းမီးမရှို့နိုင်ရင် ဒီတစ်နှစ်လုံးယာခင်းလုပ်နိုင်တော့မှာမဟုတ်ဘူး။ လက်ဖက်ခင်းတွေလည်း ဒီလကုန်မခူးနိုင်ရင် အကုန်လုံးအလေအလွှင့်တွေဖြစ်ကုန်မယ်။ အခု ရွာမှာ ကျွဲတွေ၊ နွားတွေ ကျန်ထားတယ်”လို့ပြောပါတယ်။

ဒီအချိန်ဟာ မူလတန်းကလေးတွေ စာမေးပွဲဖြေဆိုတဲ့အချိန်ဖြစ်ပေမယ့် သူတို့ဟာ တိုက်ပွဲကြောင့် စာမေးပွဲမဖြေနိုင်ပဲဖြစ်နေပါတယ်။

စစ်ဘေးရှောင်ဒေသခံတွေထဲမှာ မူလတန်းအရွယ်ကလေး (၇၀)ကျော်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပိုင်း (၃)ကို စောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်ရှိ

ဇန်နဝါရီ ၂၄၊ ၂၀၂၆Zalen ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ နောက်ဆုံးအဆင့်ကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်ကို ရောက်ရှိလာပြီလို့ စစ်ကောင်စီက ...

ဆက်ဖတ်ရန်