နောက်နှစ်ဘောလုံးရာသီမှာ နာမည်အသစ်နဲ့မြင်တွေ့ရမယ့် GFA အသင်း

ချင်းအမျိုးသားတစ်ဦး တည်ထောင်ထားတဲ့ GFA(Gospel For Asia) အသင်းဟာ နောက်နှစ်ဘောလုံးရာသီမှာ Chinland FC နာမည်ပြောင်းတော့မယ်လို့ အသင်းဥက္ကဌထံကနေသတင်းရရှိပါတယ်။

GFA အသင်းဥက္ကဌ ပူးတီတီက “ကျနော်တို့အသင်းပရိသတ်တွေက ချင်းအမည်တစ်ခုခုပါတဲ့နာမည်ဖြစ်စေချင်တယ်ဆိုလို့ ဇလပ်မြေ၊ တောင်ဇလပ်၊ အောက်ချင်းငှက်၊ Chinland FC တွေရွေးခိုင်းတော့ အားလုံးလိုလိုက Chinland FC ကိုမဲပေးကြလို့ပြောင်းလိုက်ခြင်းဖြစ်တယ်။ အခုအသင်းနာမည်ပြောင်းဖို့ မြန်မာဘောလုံးအသင်းချုပ်ဆီကိုလည်း စာပို့ထားပြီ။ နောက်နှစ်ဆို Chinland FC ပဲဖြစ်တော့မယ်”လို့ပြောပါတယ်။

GFA အသင်းရဲ့ ကိုယ်ပိုင်လေ့ကျင့်ကွင်း

Zalen ad

GFA အသင်းဟာ ၂၀၀၆ ခုနှစ်ကတည်းကစတင်တည်ထောင်ထားတဲ့ အသင်းဖြစ်ပြီး MNL-2 ပြိုင်ပွဲမှာ တစ်ကြိမ် ဒုတိယဆုရခဲ့တယ်။ ချင်းပြည်နယ် ဝန်ကြီးချုပ်ဖလားနဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ဖလားပြိုင်ပွဲတွေမှာလည်း ပထမဆုဆွတ်ခူးခဲ့ကြတယ်။

နောက်ဆုံးရသတင်းများ

တီမောလက်စတေး သမ္မတနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။Zalen တီမောလက်စတေ သမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (José Ramos-Horta)နဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒိလီမြို့က သမ္မတအိမ်တော်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ CHRO ...

ဆက်ဖတ်ရန်