ဘောလုံးကွင်းထဲ ထွေအုပ်ရုံးတည်ဆောက်မှုကန့်ကွက်သဖြင့် မြို့အဝင်သို့ပြန်ရွေ့

 

 

ဘောလုံးကွင်းထဲ ထွေအုပ်ရုံးတည်ဆောက်မှုကန့်ကွက်သဖြင့် မြို့အဝင်သို့ပြန်ရွေ့

ထန်တလန်မြို့နယ် နှာရိန်းမြို့ ဘောလုံးကွင်းအတွင်း ထွေအုပ်ရုံးတည်ဆောက်မှုကို ဒေသခံတွေက ကန့်ကွက်ကြတာကြောင့် မြို့အဝင်သို့ပြန်လည်ပြောင်းရွေ့မယ်လို့ ဒီကနေ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ရပ်မိရပ်ဖတွေတွေ့ဆုံစဉ်ပြောကြားပါတယ်။

ယင်းတွေ့ဆုံပွဲတွင် ခရိုင်နဲ့ မြို့နယ်ထွေအုပ်၊ မြို့နယ်မြေစာရင်းဌာနတို့မှတာဝန်ရှိပုဂ္ဂိုလ်များရောက်လာပြီး မြို့မိမြို့ဖ၊ ကန့်ကွက်သူအဖွဲ့တို့နဲ့ မြို့နယ် ထွေအုပ်ရုံးမှာတွေ့စုံကြပါတယ်။
ဘောလုံးကွင်းအတွင်းထွေအုပ်ရုံးတည်ဆောက်ရေးကန့်ကွက်သူတွင်ပါဝင်တဲ့ ဆလိုင်းထောင်းလျန်ထန်က “ထွေအုပ်ရုံးကို ဘောလုံးကွင်းကနေ မြို့အဝင် အမှတ် ၂ ရပ်ကွက်မှာပြောင်းရွေ့တည်ဆောက်မယ်လို့လာပြောသွားကြတယ်။ ဘယ်နေ့ရွေ့မယ်ဆိုတာတော့ မသိရဘူး။ စည်ပင်ဝန်ကြီးကတော့ ဒီနှစ်စက်တင်ဘာလ အပြီးတည်ဆောက်ရမယ်လို့ပြောတော့ မြန်မြန်ရွေ့မယ်လို့တော့ထင်တယ်။ အခုဘောလုံးကွင်း ထွေအုပ်ရုံးဆောက်လက်စက အုတ်မြစ်ချပြီး အုတ်တွေတောင်စီနေတဲ့အဆင့်ထိရောက်နေတယ်။ ဒီဘောလုံးကွင်းဟာ ကျနော်တို့ဘိုးဘွားတွေက လက်နဲ့တူးလာခဲ့တာကွင်းဆိုတော့ တန်ဖိုးထားသလို မြို့လယ်မှာရှိတော့ မြို့ရဲအလှလည်းဖြစ်တယ်။ လူထုတွေ့စုံပွဲတို့၊ ပွဲတစ်ခုခုရှိရင်လည်း ဒီမှာပဲလုပ်ကြတယ်။ ဒါကြောင့် ကျနော်တို့ဆန္ဒကိုလိုက်လျောပေးတဲ့တွက်ဝမ်းသာတယ်” လို့ပြောပါတယ်။

နှာရိန်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ဖြစ် ၂၀၁၉ ခုနှစ် ဇွန်လတွင်စတင်တည်ဆောက်ထားတာဖြစ်ပါတယ်။ဒါကြောင့် ဇူလိုင် ၁၄ ရက်တွင် နှာရိန်းမြို့သား ၂၇၀ လောက်က ဆန္ဒဖော်ထုတ်ကြပါတယ်။

ဒါ့ပြင် ဘောလုံးကွင်းအလယ်တည့်တည့်ကိုဖြတ်ပြီး ၂၀၁၆ ခုနှစ်တွင်လမ်းဖောက်လုပ်ခဲ့တာကြောင့် ပြည်သူတွေ မကျေမနပ်ဖြစ်နေကြပါတယ်။

နောက်ဆုံးရသတင်းများ

ငဖဲမြို့နယ်မှာ ချင်းအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

မတ်လ ၇ရက်၊ ၂၀၂၅ ခုနှစ် Zalen မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာမှ ချင်းအမျိုးသမီးနှစ်ဦးကို ဒီနေ့ မတ်လ ၇ ရက်နေ့၊ ညနေ ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ...

ဆက်ဖတ်ရန်