မြောက်ငိုသီးသယ်တဲ့ဆိုင်ကယ်သမားကိုတိုက်တဲ့ယာဉ်မောင်း အခုထိ မဖမ်းမိသေး

 

မြောက်ငိုသီးသယ် ဦးလာလ်ဒယ်ထန်

မြောက်ငိုသီးသယ်တဲ့ဆိုင်ကယ်သမားကိုတိုက်တဲ့ယာဉ်မောင်း အခုထိ မဖမ်းမိသေး
ကလေးမြို့နယ် ပျဉ်းခုံကြီးရွာတွင်းလမ်းမှာ မြောက်ငိုသီးသယ်တဲ့ဆိုင်ကယ်ကို နောက်ဘက်ကနေတိုက်ပြီးထွက်ပြေးသွားတဲ့ယာဉ်မောင်းကို ဒီနေ့ညနေထိ မဖမ်းမိသေးဘူးလို့ သတင်းရရှိပါတယ်။

မြောက်ငိုသီးတင်တဲ့ဆိုင်ကယ်မောင်းသူဟာ မြောက်ချောတောရွာ (Zonuam)ရွာသား ဦးလာလ်ဒယ်ထန်(၃၉နှစ်)ဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာတွင် ဦးခေါင်းပေါက်ထွက်လို့ ပွဲချင်းသေဆုံးသွားပါတယ်။

မြောက်ချောတောရွာလူငယ်အဖွဲ့အစည်းအတွင်းရေးမှူး ဆလိုင်းလာလ်ရွက်တလန့်က “ယာဉ်မောင်းကို ဒီနေ့နောက်ဆုံး မိမိဘာသာလာရောက်အပ်နှံမှု လက်ပံချောင်းရဲကင်းက ကြေညာထားပေမယ့် ဒီညထိတော့ ယာဉ်မောင်းကလာမအပ်သေးဘူး။ ဒါကြောင့် နောက်နေ့ကစပြီးဖမ်းဆီးဖို့စတင်စုံစမ်းမယ်လို့သိရတယ်။ အဲ့ဒီ သဲတင်တဲ့ကားက ဆည်ကြီးချောင်းက သဲကိုတင်လာတာဆိုတော့ အဲ့ချောင်းမှာ သဲတင်ပေးတဲ့ စက်ကြီးက (၂)စီးပဲရှိတယ်။ သဲတင်ကားလည်းများများစားစားမရှိဘူး။ စက်ကြီးမောင်းတဲ့သူတွေကလည်း ခုထိတော့ ဆိုင်ကယ်ကိုတိုက်တဲ့ ကားပြာကိုဘယ်သူမောင်းတာလဲ၊ ဘယ်ရွာကလဲဆိုတာ မပြောချင်ကြသေးဘူး”လို့ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ပံချောင်းရဲကင်းမှူးကို ဖုန်းဆက်မေးမြန်းပေမယ့် မနေ့ညက မန္တလေးမှာခရီးလွန်နေတဲ့တွက် ပြန်ရောက်မှပဲပြောပြနိုင်မယ်လို့ဆိုပါတယ်။

ဖြစ်စဉ်မှာ မတ်လ(၁၈)ရက် နေ့လည် ၁၂း၃၀နာရီခန့်မှာ တာဟန်းဘက်ကနေ လက်ပံချောင်းရွာဘက်ကိုသွားတဲ့ မြောက်ချောတောရွာသား ဦးလာလ်ဒယ်ထန်စီးလာတဲ့ မြောက်ငိုသီးတင်တဲ့ဆိုင်ကယ်ဟာ မျက်နှာချင်းဆိုင်ကနေလာတဲ့ဆိုင်ကယ်ကိုလမ်းဖယ်ပေးတဲ့ချိန်မှာ အနောက်ဘက်ကနေ ကပ်လိုက်လာတဲ့ သဲတင်ယာဉ်ကတိုက်မိလို့ ဦးခေါင်းပေါက်ထွက်ပြီး အခင်းဖြစ်ပွားတဲ့နေရာမှာ ဆုံးသွားပါတယ်။ သဲတင်ယာဉ်ဟာ အခင်းဖြစ်ပွားတဲ့နေရာကနေ ချက်ချင်းကားကိုမောင်းပြေးလို့ အခုထိ ဘယ်သူဘယ်ဝါမှန်းမသိရသေးပါ။

ဦးလာလ်ဒယ်ထန်ရဲ့ အလောင်းကို ဒီနေ့ နံနက် (၁၁)နာရီမှာ မြောက်ချောတောရွာင်္သချိုင်းမှာမြေမြှုပ်ကြပါတယ်။ သူဟာ ကလေး (၅)ယောက်ရဲ့ဖခင်ဖြစ်ပြီး အငယ်ဆုံးကလေးမှာ နို့စို့အရွယ်သာရှိပါသေးတယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်