ပြင်သစ်စစ်မြေပြင်ကအမှုထမ်းချင်းအမျိုးသားတွေနဲ့ ၁၉၁၇ ချင်းတော်လှန်ရေးသမိုင်းစာအုပ် သြဂုတ်လကုန်ထွက်မယ်

ချင်းသမိုင်းသုတေသီ ဆလိုင်းဗန်ကျူံးလျန်(ယူကေ)ရေးသားထားတဲ့ “ပထမကမ္ဘာစစ်ကြီးအတွင်း ပြင်သစ်စစ်မြေပြင်တွင် ချင်းအမျိုးသားများအမှုထမ်းခဲ့ကြသည့်သမိုင်း၊ ၁၉၂၇ ချင်းတော်လှန်ရေး”စာအုပ်ကို သြဂုတ်လကုန်ပိုင်းတွင်ထွက်ရှိတော့မယ်လို့ ၎င်းကဆိုပါတယ်။

ယင်းစာအုပ်ကို  ၎င်းသမိုင်းတွေရဲ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အနေနဲ့ထုတ်ဝေထားတာဖြစ်ပါတယ်။ စာအုပ်ကိုလည်း ကလေးမြို့ တာဟန်းရပ်ကွက်က ဇိုလွန်း(Zolun)ပုံနှိပ်တိုက်မှာထုတ်ဝေမှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရှိ ချင်းဘိုးဘေးသူရဲကောင်းများ ဂုဏ်ပြုသည့် အုတ်ဂူများထားရှိရာ St. Sever Cemetery Extension Rouen, France

Zalen ad

စာအုပ်ရေးသားသူ ဆလိုင်းဗန်ကျူံးလျန်(ယူကေ)က စာအုပ်အမှာစာတွင် ၂၀၁၄ စက်တင်ဘာလလောက် ရောက်ရှိလာတဲ့အချိန်မှာ ဥရောပတစ်ခွင်၌ ပထမကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့တဲ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ်ကို စည်စည်ကားကား ပြုလုပ်ဖို့ စီစဉ်လာကြတယ်။ စစ်ကြီးအကြောင်းတွေ၊ တိုက်ပွဲအကြောင်းတွေ၊ အသက်စတေးခဲ့တဲ့ သူတွေရဲ့အကြောင်းတွေ ပလူပျံနေအောင် ဘီဘီစီ အင်တာနက်စာမျက်နှာ၊ ရေဒီယို နှင့် ရုပ်မြင်သံကြားတွေမှာ တွေ့ရတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ ရောက်တဲ့အချိန်ကြတော့ ဘီဘီစီအင်တာနက်စာမျက်နှာမှာ “ပထမကမ္ဘာစစ်ကြီးအတွင်း တစ်ရုတ်လူမျိုးများပါဝင်မှု” ဆိုတဲ့ ဆောင်းပါးတွေ့ရတယ်။ ကျွန်တော်စိတ်ဝင်စားတွေနဲ့ ဖတ်တဲ့အချိန်မှာ တရုတ်လူမျိုး တစ်သိန်းလေးသောင်းကျော် စစ်မြေပြင်လုပ်သားအဖြစ် ဥရောပစစ်မြေပြင်မှာအမှုထမ်းခဲ့တဲ့အကြောင်း ဖတ်ခဲ့ရတယ်။ နောက်ပြီး တစ်ရုတ်လူမျိုး ၈၀၀ ကျော်အသက်ဆုံးရှုံးခဲ့ရတဲ့အကြောင်းတွေ ဖတ်ခဲ့ရတယ်။ မန်ချက်စတာ နှင့် လန်ဒန်မှာရှိတဲ့ တစ်ရုတ်လူမျိုးတွေက ပထမကမ္ဘာစစ်ကြီးတုန်က တစ်ရုတ်လူမျိုးတွေရဲ့ ပါဝင်ပေးဆပ်မှုကို ဂုဏ်ပြုပွဲတွေလုပ်ကြတဲ့ အကြောင်းဖတ်မိတော့ .. ကျွန်တော်လည်း အတွေးတစ်ခု ရလာတယ်။

Pu Kam Ngul
61st (Chin) Indian Labour Company
St. Sever Cemetery Extension
Rouen, France
Courtesy photo of Oldleg Brzeski

ကျွန်တော်တို့ ချင်းလူမျိုးတွေလည်း တစ်ရုတ်တွေလိုဘဲ ပြင်သစ် စစ်မြေပြင်မှာအမှုထမ်းခဲ့ကြတာဘဲ .. စစ်မြေပြင်မှာ အသက်ပေးဆပ်ရင်း သူတို့ရဲ့အုတ်ဂူတွေ ပြင်သစ်နိုင်ငံမှာ ထင်ရှားစွားတွေ့မြင်နေရတာဘဲ .. ကျွန်တော်လည်း သူတို့အကြောင်းတွေကို လူတွေပိုသိအောင် လုပ်မှဖြစ်မယ် .. ကျွန်တော့ပတ်ဝန်းကျင်မှာရှိတဲ့ အင်္ဂလိပ်လူမျိုးတွေဆီမှာလည်း ကျွန်တော်သိအောင်လုပ်မှဖြစ်မယ် … ဆိုတဲ့အတွေးဝင်လာတယ်။ ကျွန်တော် ၂၀၁၇ ခုနှစ်တွင်ထုတ်ဝေရန် စီစဉ်ခဲ့သော်လည်း နှစ်တစ်ရာပြည့် ကမ္ဗည်းမော်ကွန်းကျောက်တိုင် စိုက်ထူခြင်း နှင့် အောက်မေ့ခြင်း အခမ်းအနားများ၏ အကြောင်းများကို ဤစာအုပ်ထဲတွင် ရေးသားခြင်လိုသောကြောင့် ကျွန်တော်ဒီနှစ် ၂၀၁၈ မှာ ထုတ်ဝေရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်တစ်ရာပြည့်ကမ္ဗည်းမော်ကွန်းကျောက်တိုင် စိုက်ထူခြင်း၊ အောက်မေ့ခြင်းအခမ်းအနားများ ကျင်းပခြင်း နှင့် နှစ်တစ်ရာပြည့်စာအုပ် ထုတ်ဝေနိုင်ခြင်းအားဖြင့် ကျွန်နုပ်တို့သည် ဘိုးဘေးများကို လေးစားကြောင်း သက်သေထူနိုင်သည်သာမက ကျွန်နုပ်တို့ ဘိုးဘေးတို့၏ သမိုင်းဖြစ်ရပ်မှန်များကို ထိန်းသိမ်းနိုင်မည့်အပြင်၊ နောင်အနာဂတ်တွင်မွေးဖွားလာကြမည့် ချင်းတိုင်းရင်းသားလူငယ်များအား အတိတ်ကာလများဆီက ဘိုးဘွားတို့၏ မွန်မြတ်သည့် သမိုင်းကြောင်းများကို လက်ဆင့်ကမ်းပြောပြနေနိုင်ပါစေဟု စာရေးသူအနေဖြင့် မျှော်လင့်မိပါသည်လို့ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်