မြစ်ကြီးနားမြို့နဲ့ (၁၈)မိုင်အကွာ အင်ဂျန်းယန်မြို့နယ်မှာ စစ်ဘေးရှောင် တစ်ထောင်ကျော်ရှိလာပြီ

ဧပြီ(၂၇) ၂၀၁၈

တပ်မတော်နဲ့ KIA တိုက်ပွဲဖြစ်ပွားလို့ အင်ဂျန်းယန်မြို့နယ် ကျေးရွာဆယ်ရွာက ပြည်သူ (၁၂၀၀)ခန့် စစ်ဘေးရှောင်ရှိလာပြီလို့ ကချင်အမျိုးသမီးသမဂ္ဂထံမှသတင်းရရှိပါတယ်။

ဧပြီလဆန်းမှာ ကချင်ပြည်နယ်အတွင်း ဖားကန့်၊ မိုးကောင်းနဲ့ ဗန်းမော်ခရိုင်တွေမှာတိုက်ပွဲတွေဖြစ်ပွားလို့ပြည်သူ အများအပြားထွက်ပြေးတိမ်းရှောင်နေကြပါပြီ။ အခု ဧပြီလ(၂၅)ရက်နေ့ကစပြီး ဧရာဝတီမြစ်ဆုံရဲ့အထက် (၁၅)မိုင်အကွာက အင်ဂျန်းယန်မြို့နယ်မှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။

Zalen ad

“UN အဖွဲ့ကလည်း အချက်အလက်ကောက်တဲ့အဆင့်ပဲရှိသေးတယ်။ နေရာထိုင်ခင်းကတော့ မြစ်ဆုံအနီး တန်ဖရဲရွာက ဘုရားကျောင်းနှစ်ခုမှာ အဆင်ပြေသလိုနေကြတယ်။ အစားအသောက်မှာ ဟင်းကတော်တော်ပျက်နေတယ်။ မနေ့က အစိုးရကဆန်အိတ် လေးဆယ်ကျော်လာလှူတယ်။ ဘုရားကျောင်းမှာဆိုတော့ ရေချိုးခန်း၊ အိမ်သာက တော်တော်လိုအပ်နေတယ်။ တခြားလိုအပ်တာကတော့ အများကြီးပါ”လို့ မြစ်ကြီးနားမြို့ အခြေစိုက် ကချင်အမျိုးသမီးသမဂ္ဂ စီမံကိန်းတာဝန်ခံ မဆွတ်ဆိုင်းထွယ်ကဆိုပါတယ်။

အခုတိုက်ပွဲဖြစ်ပွားတဲ့အနီးတဝိုက်မှာ ရွာတွေက နှစ်မိုင်ကျော်ကျော်ပသာကွာဝေးကြတာကြောင့်တိုက်ပွဲဆက် လက်ဖြစ်ပွားရင်တော့ စစ်ဘေးရှောင်စာရင်းထပ်တိုးလာမယ်။

ယနေ့နံနက်ပိုင်းမှာလည်း မြစ်ကြီးနားမြို့နဲ့ (၁၈)မိုင်အကွာ နောင်နန်းရွာအနီးမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ မဆွတ်ဆိုင်းထွယ်ကဆိုပါတယ်။ တိုက်ပွဲအနီးတဝိုက်ကပြည် သူတွေဟာ အဓိကလုပ်ကိုင်တဲ့ တောင်ယာစိုက်ပျိုးကာလဖြစ်တာကြောင့် ပိုမိုဒုက္ခဖြစ်စေမယ်လို့လည်းပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကချင်၊ရှမ်းနဲ့ကရင်ပြည်နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေလို့စိုးရိမ်နေရကြောင်း ၎င်းတို့လူမှုကွန်ယက်စာမျက်နှာ မှာ ဒီကနေ့ညနေပိုင်းကရေးသားထားပါတယ်။

နောက်ဆုံးရသတင်းများ

လောင်တလိုင်ခရိုင်မှာ မြန်မာဘက်ကဂျင်းတင်သွင်းမှုပိတ်ပင်

မတ် ၅ ၊၂၀၂၆Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း အိမ်နီးချင်းမြန်မာနိုင်ငံကနေ ဂျင်းတင်သွင်းမှုကို ပိတ်ပင်လိုက်တယ်လို့ လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားပါတယ်။ လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက လက်တလောမှာ မြန်မာဘက်ခြမ်းကနေ တရားမဝင် ဂျင်းများတင်သွင်း နေကြတယ်လို့ သတင်းရရှိထားကြောင်း၊ ဒါဟာ ဥပဒေကခွင့်မပြုပေးထားတဲ့အရာဖြစ်လို့ ...

ဆက်ဖတ်ရန်