၂၀၂၂ ကမ္ဘာ့ရရှိခဲ့သော အာဂျင်တီးနားအသင်း ဆုငွေ လယ်လောက်ရရှိခဲ့သလဲ

အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားကို ရရှိပြီးနောက် လူအများမေးသော မေးခွန်းတစ်ခုကတော့ ကမ္ဘာ့ဖလားရရှိထားသော အသင်းဟာ ဆုငွေကြေးဘယ်လောက်ရရှိမလဲဆိုတာပါပဲ။

၂၀၂၂ ဖီဖာကမ္ဘာ့ဖလား ချန်ပီယံရရှိသွားသော အသင်းဟာ ကန်ဒေါ်လာ ၄၂ သန်းကို ရရှိမည်ဖြစ်ပါတယ်။ ဒုတိယနေရာကို ရရှိထားသော အသင်းကလည်း လက်ဗလာဖြင့်အိမ်မပြန်ပါဘူး။ ပြင်သစ်အသင်းကတော့ ဖိုင်နယ်မှာ အနိုင်မရခဲ့လို့ စိတ်ပျက်ကြမှာတော့ သေချာပါတယ်၊ ဒါပေမယ့် ပြင်သစ်အသင်းကလည်း ဆုငွေ ကန်ဒေါ်လာ ၃၀ သန်း ကို အိမ်ယူသွားမည်ဖြစ်ပါတယ်။

တတိယနေရာရရှိသွားသော ခရိုအေးရှားအသင်းကလည်း ကန်ဒေါ်လာ ၂၇ သန်းရရှိမည်ဖြစ်ပြီး မော်ရိုဂိုအသင်းကတော့ ကန်ဒေါ်လာ ၂၅ သန်း ရရှိမည်ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အပေါ်က ဖော်ပြထားသော အသင်းလေးသင်းကိုပဲ ဆုငွေပေးတာ မဟုတ်ပါဘူး၊ ပြိုင်ပွဲဝင် နိုင်ငံအားလုံးကို ဆုငွေချီးမြှင့်ပေးပါတယ်။

ကမ္ဘာ့ဖလား အုပ်စုအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အသင်းများအားလုံးကို ကန်ဒေါ်လာ ၉ သန်းစီ ချီးမြှင့်မည်ဖြစ်ပြီး ရှုံးထွက်အဆင့် ၁၆ သင်းအဆင့်ကို ရောက်ရှိခဲ့သော အသင်းများကို ကန်ဒေါ်လာ ၁၃ သန်းစီ ချီးမြှင့်ပါတယ်။ ကွာတားဖိုင်နယ်ကို ရောက်သော အသင်းများကတော့ ကန်ဒေါ်လာ ၁၇ သန်းစီရရှိမည်ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဝင်ပြိုင်ခဲ့ကြသော အသင်း ၃၂ သင်းဟာ ဆုငွေ ကန်ဒေါ်လာ ၄၀၀ သန်းကို ခွဲဝေယူကြတာဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ၂၀၁၈ တွင် ဗိုလ်စွဲပြီးနောက် ဆုငွေအဖြစ် ကန်ဒေါ်လာ ၃၈ သန်း ရရှိခဲ့ရာ ၂၀၂၂ မှာတော့ ဗိုလ်စွဲသော အာဂျင်တီးနားအသင်းဟာ ဆုငွေ ကန်ဒေါ်လာ ၄၂ သန်း ရရှိပြီး ၂၀၁၈ ထက် ဆုငွေ ၄ သန်း တိုးလာတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်