Khaisa
၂၀၂၅ ခုနှစ်အတွင်း ကြီးမားတဲ့အာဂျင်ဒါကိုတရုတ် နဲ့ စကစ ဖော်ဆောင်မယ့် အရိပ်ခြည်တွေမြင်နေရပြီဖြစ်ပါတယ်။ တရုတ်၊စကစနဲ့ တော်လှန်ရေး လက် နက်ကိုင်တချို့ တရုတ်ရဲ့ ကမကထပြုမှုနဲ့ တွေ့ဆုံဆွေးနွေးချက်တွေ၊ အဲဒီအဖွဲ့အစည်းတွေရဲ့ တိုက်ပွဲအောင်မြင်မှုနဲ့ အင်အားကိုကြည့်ရင် သိမြင်နိုင်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း စကစနဲ့တရုတ်ရဲ့ အကြီးမားဆုံး အာဂျင်ဒါကတော့ ကချင်၊ ရခိုင်၊ ကိုးကန့်၊ ဝ၊ တအာန်းတို့ အရေးဖြစ်ပါတယ်။
ဝပြည်နဲ့ တအာန်းပြည်ကို တရားဝင်တဲ့ ပြည်နယ်အဆင့် သတ်မှတ်ရေးကို အာဂျင်ဒါမှာ ထည့်ထားပြီး ကိုးကန့်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဖြင့် ပုံဖော်မယ့် အာဂျင်ဒါဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲအ ရဖြစ် လာမယ့် အစိုးရက တရားဝင်မှု ပေးအပ်ပါလိမ့်မယ် ။
ကချင်နဲ့ ရခိုင်ကို ကွန်ဖက်ဒရတ်အဆင့် သတ်မှတ်ပေးမယ်လို့ အာဂျင်ဒါမှာ ထည့်သွင်းကြပါလိမ့်မယ်။
မအလနဲ့ သယံဇာတခွဲဝေရေးနဲ့တရုတ်အကျိုးစီးပွားကို အပြည့်အဝ အာမခံချက်ပေးရေးဖြစ်ပါလိမ့်မယ်။
ချင်း၊ ကရင်၊ ကရင်နီနဲ့ ရှမ်းကတော့ ဒုတိယအဆင့်မှာပဲ ကြာရှည်နေရလိမ့်အုံးမယ်လို့ ယူဆမိပါတယ် ။ မလွယ်လှသေးပါဘူး။ ဗမာ၊ မွန်နဲ့နာဂကတော့ဖြင့် အဆင့် ၃ မှာပဲ ရောက်ရှိနေပါတယ်။
တဆက်ထဲပြောရရင် အိန္ဒိယနိုင်ငံရဲ့ ဗဟိုအစိုးရက ULA ကို တရားဝင်ဆက်ဆံဖို့ ကြိုတင်ပြင်ဆင်နေခြင်းရဲ့ နောက်ကွယ်မှာ အနောက်အုပ်စုရဲ့ ပါဝင်ပတ် သက်မှု ဘယ်လောက်ရှိသလဲဆိုတဲ့ အချက်ဟာ အ နောက်ပိုင်းဒေသတစ်ခုလုံးအတွက် ကြီးမားလှတဲ့ အရေးကြီးဆုံး မေးခွန်းဖြစ်လို့နေပါတယ်။ ULA, CNF အပါအဝင် တော်လှန်ရေးအဖွဲ့တချို့နဲ့ အိန္ဒိယအစိုးရတွေ့ဆုံမှုဟာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ တရုတ်နဲ့ အိန္ဒိယရဲ့ ဒေသတွင်းပထဝီဝင်နိုင်ငံ ရေးကစားကွက်ဟာ ပိုပြီးပြင်းထန်လာဖို့ သေချာပါတယ်။ တဖက်ကလည်း တရုတ်အနေနဲ့ အာဆီယံကို အသုံးပြုပြီး မြန်မာ့အရေးကို စတင်လှုပ်ခပ်နေစေတာကို မြင်နေရတာကလဲ တရုတ်အနေနဲ့ အိန္ဒိယထက် ခြေလှမ်းပိုချဲ့ထွင်ကစားနိုင်တာကို ပြသနေပါတယ်။
ချင်းအရေးဟာ ရခိုင်ရဲ့ အဆုံးအဖြတ်မှာ အဓိကမူတည်နေတယ်လို့ ယူဆပါတယ်။ စကစ+ တရုတ်ရဲ့ အာဂျင်ဒါမှာ ရခိုင်အနေနဲ့ ချင်း၊ မကွေး၊ ဧရာဝတီ တိုင်းကို အဆက်ဖြတ်ဖို့ ဖြစ်လာရင် ချင်းအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုဖြစ် လာနိုင်သလို ရခိုင်တွက်လဲ မလုံခြုံနိုင်ပါဘူး။ စကစရဲ့ လုပ်နေကျဗျူဟာအရ တဖက်ကို ငြိမ်းချမ်းရေးနဲ့အခွင့်အရေးနဲ့ စစ်ရေးလျှော့ချပြီး တဖက်ကို စစ်ရေးနဲ့ ချေမှူန်းရေးလုပ်လာရင် အဲဒီကတဆင့် CNF ကို ကြီးမားတဲ့ ဖိ အားပေးလာနိုင်ပြီး CNF အနေနဲ့ ချင်းအရေးကိုရွေးမလား၊ CNF ရပ်တည်ရေးကို ရွေးမလားဆိုတဲ့ မေး ခွန်းဟာ အရေးကြီးလာပါတယ်။
ရခိုင်အနေနဲ့ တွေးရမယ့်အချက်က ရခိုင်ရဲ့ ပထမခံစစ်လိုင်းနယ်မြေဒေသတွေကို အဆုံးရှုံးခံရဲသလားဆိုတဲ့ မေးခွန်းပဲ ဖြစ်မယ်လို့ ယူဆပါတယ်။
ဒုတိယအဆင့်မှာ ရပ်တည်နေတဲ့ အမျိုးသားတော် လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ရေးဖော်ဆောင်မှုကို နောက်တဆင့်မြှင့်တင်ကြဖို့ကသာမိမိမှန်းချက်ကို အရယူပေးနိုင်မှာဖြစ်ကြောင်းကို ပထမအဆင့်တော်လှန်ရေးအင်အားစုရဲ့ လုပ်ရပ်ကိုကြည့်ပြီး သ ဘောပေါက်ကြမယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းအားလုံးက တူညီတဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကို အ ခြေခံပြီး ပူးပေါင်း တိုက်ဖျက်ကြမှ အလုပ်ဖြစ်ပါလိမ့်မယ်။ ကိုယ့်လူမျိုးရဲ့အမျိုးသားအကျိုးစီးပွားတစ်ခုတည်းကွက်ကြည့်နေရင်တော့ဖြင့် စစ်အုပ်စုပေးတဲ့ နိုင်ငံရေးနဲ့အုပ်ချုပ်ရေး၊ အကျိုးစီးပွားတွေဟာ ကြာရှည်ခံလိမ့်မည် မဟုတ်ကြောင်းပါ။