(၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ချင်းအမျိုးသားနှစ်ဦး ရွှေတံဆိပ်ဆု ဆွတ်ခူး

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲမှာ ချင်းအမျိုးသား ဆလိုင်း အိုက်စိုးလင်းနှင့် ဆလိုင်း မနားကွီးတို့က Vovinam (အမျိုးသားဓားတစ်လက်အပြ)အားကစားနည်းဖြင့် သွားရောက်ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ကို ဆွတ်ခူး ရရှိခဲ့သည်။

(၃၂) ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲဟာ မေလ ၅ ရက်ကနေ ၁၇ ရက်ထိ ဖနွမ်းပင်မြို့မှာကျင်းပလျက်ရှိသည်။

Vovinam (အမျိုးသားနှစ်ယောက်တွဲ အပြ ) ပြိုင်ပွဲတွင် ‌ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုငံတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာကိုယ်စားပြု ဆလိုင်းမနားကွီးနှင့် မောင်တင်ထူးဇော်တို့အတွဲက ပထမ(ရွေတံဆိပ်)ဆုကို ရရှိပြီး၊ ဒုတိယ(ငွေတံဆိပ်)ဆုကို ဗီယက်နမ်နိုင်ငံမှ လည်းကောင်း၊ တတိယ(ကြေးတံဆိပ်)ဆုကို လာအို၊ ကမ္ဘောဒီးယားနိုင်ငံအသီးသီးက ရရှိခဲ့သည်။

ထို့အပြင် Vovinam (အမျိုးသားဓားတစ်လ အပြ) အားကစားနည်းပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဆလိုင်း အိုက်စိုးလင်းမှ ထပ်မံ ပထမ(ရွှေတံဆိပ်)ဆုကို ရရှိသည်။

Zalen ad

ဆလိုင်းမနားကွီးနှင့် ဆလိုင်းအိုက်စိုးလင်းသည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် (၃၁) မြောက် ဆီးဂိမ်း အားကစားပြိုင်တွင်လည်း ပထမ(ရွှေတံဆိပ်)ဆု အသီးသီးရရှိပြီး၊ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အခွန်ဆောင်စရာမလိုဘဲ အိမ်စီးကားဝယ်ယူခွင့်ကို ဂုဏ်ပြုချီးမြင့်ခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းများ

အလုပ်အကိုင်ရှားပါးမှုကြောင့် စစ်ဘေးရှောင်အချို့ ဘိန်းခင်းတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြရ

မတ်  ၂၊  ၂၀၂၆ Zalen အလုပ်အကိုင်းရှားပါးလာနေတာကြောင့် စစ်ဘေးရှောင်အချို့ ချင်းပြည်နယ် အချို့ဒေသများရှိ ဘိန်းစိုက်ခင်းများတွင် သွားရောက် အလုပ် လုပ်ကိုင်နေကြရတယ်လို့ ဘိန်းခင်းတွင် အလုပ်သွားရောက်လုပ်ကိုင်နေကြသူများထံမှ သိရပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် စစ်ကိုင်းတိုင်းတမူးခရိုင်အတွင်းရှိ‌ ဒေသခံပြည်သူများဟာ ...

ဆက်ဖတ်ရန်