(၅)နှစ်အတွင်း ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ရည်မှန်းထားတဲ့ MMA ကစားသမား ဆလိုင်းတီရယ်ထန်

(၅)နှစ်အတွင်း ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ရည်မှန်းထားတဲ့ MMA ကစားသမား ဆလိုင်းတီရယ်ထန်

သိုင်းပေါင်းစုံလက်ဝှေ့လို့ခေါ်တဲ့ MMA ကစားသမား ချင်းတိုင်းရင်းသား ဆလိုင်းတီရယ်ထန်က (၅)နှစ်အတွင်း ကမ္ဘာ့ချန်ပီယံဖြစ်အောင်ကြိုးစားမယ်လို့ ဒီမနက်မှာပြောသွားပါတယ်။

မတ်(၂၀)ရက် နံနက်ပိုင်းက ချင်းလူမှုရေးအသင်း၊ရန်ကုန်က ဂုဏ်ပြုလွှာပေးအပ်စဉ် ယင်းကဲ့သို့ပြောကြားလိုက်တာပါ။

Zalen ad

သူဟာ မတ်(၈)ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ Reign of Valor အမည်ဖြစ်ကျင်းပတဲ့ MMA(One Championship) ပြိုင်ပွဲမှာ ကမ္ဘာဒီးယားကစားသမားကို သုံးချီမြောက်မှာအမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ ဆလိုင်း တီရယ်ထန်ရဲ့ ပထမဆုံးမြန်မာပြည်မှာလာရောက်ကစားတဲ့ပွဲလည်းဖြစ်ပါတယ်။
ဆလိုင်းတီရယ်ထန်းက “ကျနော်လည်းကြိုးစားမှုရှိတယ်။ မြန်မာနိုင်ငံကလူတွေကလည်း ကျနော့်ကိုအားပေးကြတယ်။ MMA မှာ စဝင်ကတည်းက ရည်မှန်းချက်က ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ပဲ။ မကြာခင်က ဒီရည်မှန်းချက်ထားတာမဟုတ်ဘူး။ ဒီအိပ်မက်ဟာ ငယ်ငယ်ကတည်းကရှိပြီးသား။ ပြီးတော့ ကျနော်တို့ Gym က ကမ္ဘာပေါ်မှာအကောင်းဆုံး။ ကျနော်တို့ Gym မှာကမ္ဘာ့ချန်ပီယံတွေအများကြီးရှိတယ်။ နာမည်ကြီးအားကစားသမားတွေအများကြီးရှိတယ်။ ကျနော်တို့ဆရာ ဟန်နရီဟုစ်လည်း အရမ်းကောင်းတယ်။ နပန်းသမားတွေလည်းရှိတယ်။ ကျနော်တို့ Gym မှာကျနော့်ကို ကူညီမယ့်လူတွေအများကြီးရှိတယ်။ ပြီးတော့ကျနော်လည်း ကြိုးစားမယ်။ ကိုယ့်ဘာသာမကြိုးစားရင် ဘာမှမရဘူး။ ဒါနဲ့ ငါးနှစ်မကြာခင် ကမ္ဘာ့ချန်ပီယံဖြစ်အောင်ကျနော်ရည်မှန်းချက်ထားတယ်” လို့ပြောပါတယ်။

MMA ကစားသမား ဝိုက်တန်(၉)မျိုးခွဲခြားထားပြီး ယင်းတို့ထဲမှာ ဆလိုင်း တီရယ်ထန်က Bantamweight လို့ခေါ်တဲ့(ပေါင် ၁၃၅/ ၆၁ ဒသမ ၂ kg)တန်မှာကစားနေတာဖြစ်ပါတယ်။ ဝိုက်ခွဲခြားနည်းကတော့ Flyweight(ပေါင် ၁၂၅/ ၅၆ ဒသမ၇ kg) Bantamweight (ပေါင် ၁၃၅/ ၆၁ ဒသမ ၂ kg) Featherweight (ပေါင် ၁၄၅ အထက်/ ၆၅ ဒသမ ၈ kg) Lightweight (ပေါင် ၁၅၅/ ၇၀ ဒသမ ၃ kg) Welterweight (ပေါင် ၁၇၀ အထက်/ ၇၇ ဒသမ ၁ kg ) Middleweight (ပေါင် ၁၈၅ အထက်/ ၈၃ ဒသမ ၉kg) Light heavyweight (ပေါင် ၂၀၅ အထက်/ ၉၃ ဒသမ ဝkg) Heavyweight (ပေါင် ၂၆၅ အထက်/ ၁၂၀ ဒသမ ၂kg ) Super Heavyweight အထက်မှာတော့ ဝိုက်အကန့်အသတ်မရှိတော့ပါ။

ဆလိုင်း တီရယ်ထန်ဟာ အသက် (၁၈) နှစ်မှာ MMA စတင်ကစားတဲ့ချိန် ပထမဆုံးပွဲမှာ ပြိုင်ဘက်ကိုနိုင်သွားရာကနေ သိုင်းပေါင်းစုံလက်ဝှေ့လို့ခေါ်တဲ့ MMA ဆက်လက်ကစားဖို့စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ အခုချိန်မှာ လက်ဝှေ့ (၉)ပွဲထိုးတဲ့ထဲမှာ (၅)ပွဲအနိုင်ရရှိပြီး (၃)ပွဲရှုံးကာ တစ်ပွဲသရေကျပါတယ်။
ဒီနှစ်အတွင်းမှာ သုံးပွဲထပ်မံထိုးဖို့ရှိပြီး မြန်မာပြည်မှာ တစ်ပွဲထပ်ထိုးဖို့မျှော်ကြောင်း ၎င်းကပြောပါတယ်။

နောက်ဆုံးရသတင်းများ

အလုပ်အကိုင်ရှားပါးမှုကြောင့် စစ်ဘေးရှောင်အချို့ ဘိန်းခင်းတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြရ

မတ်  ၂၊  ၂၀၂၆ Zalen အလုပ်အကိုင်းရှားပါးလာနေတာကြောင့် စစ်ဘေးရှောင်အချို့ ချင်းပြည်နယ် အချို့ဒေသများရှိ ဘိန်းစိုက်ခင်းများတွင် သွားရောက် အလုပ် လုပ်ကိုင်နေကြရတယ်လို့ ဘိန်းခင်းတွင် အလုပ်သွားရောက်လုပ်ကိုင်နေကြသူများထံမှ သိရပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် စစ်ကိုင်းတိုင်းတမူးခရိုင်အတွင်းရှိ‌ ဒေသခံပြည်သူများဟာ ...

ဆက်ဖတ်ရန်