ကြားဖြတ်မဲဆွယ်ကာလ ချင်းပါတီလူကြီးတွေ ကန်ပက်လက်မလာဖို့ထုတ်ပြန်ချက်ကို ပြန်လည်ဖြေရှင်း

ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက် ချင်းပါတီ(၃)ပါတီလူကြီးတွေ ကန်ပက်လက်မှာ စည်းရုံးရေးမဝင်စေလိုကြောင်း ချင်းပါတီ(၃)ခုဥက္ကဌတွေလိပ်မူပြီး အောက်တိုဘာ(၁၇)ရက်မှာ ကန်ပက်လက်မြို့နယ် CNDP ဥက္ကဌလက်မှတ်နဲ့ထုတ်ပြန်ထားပါတယ်။

ယင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကန်ပက်လက်မြို့နယ် CNDP ဥက္ကဌဦးနိုင်းအွမ်က “CPP ကိုယ်စားလှယ် ဦးမနားရှင်းက ပြဿနာအမြဲတမ်းရှာနေတော့ ဥက္ကဌတွေလာရင် ပြဿနာပိုဖြစ်မှာကြောက်လို့ ကန်ပက်လက်မြို့နယ် ချင်းပါတီသုံးခုဦးဆောင်သူတွေသဘောတူညီချက်နဲ့ထုတ်ထားတာပါ။ အဲ့ထုတ်ပြန်ချက်နောက်ပိုင်း CPPက အောက်တိုဘာ (၁၉)မှာ ကန်ပက်လက်မှာ CNDP ကိုသာမဲပေးဖို့ သဘောထားထုတ်ပြန်လာတဲ့တွက်ကိစ္စတော့မရှိတော့ပါဘူး။ ကြားဖြတ်ပြီးမှာလည်း ပါတီခေါင်းဆောင်တွေကို ကန်ပက်လက်မှာ ဖိတ်ဖို့ရည်ရွယ်ထားတယ်”လို့ ကပြောပါတယ်။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်