နိုင်ငံကျော်အဆိုတော် ဆလိုင်းဆွန်ကျဲအို သမီး ပါရဂှုဘွဲ့ရရှိ

နိုင်ငံကျော် တေးရေး၊ တေးဆို ဆလိုင်းဆွန်ကျဲအိုရဲ့ သမီးကြီး Mai Bawi Nuam Ting (မိုင်ဘွဲ့နွမ်သိန်း) ဟာ ပုသိမ်တက္ကသိုလ်ကနေ ပါရဂှုဘွဲ့ရရှိပါတယ်။

ပါရဂူဘွဲ့အတွက်လိုအပ်တဲ့ ကျမ်းကိုတင်သွင်းပြီး ဇွန်လ(၁၄)ရက်တွင် ကျင်းပတဲ့ ပုသိမ်တက္ကသိုလ် ကိုယ်စားပြု ပညာရေးအဖွဲ့အစည်းအဝေးက လက်ခံအတည်ပြုပြီလို့ ဇွန်လ(၁၈)ရက်ကကြေညာချက်ထုတ်ထားပါတယ်။ သူဟာ အဏုဇီဝဗေဒအထူးပြုနဲ့ ပါရဂူဘွဲ့ရရှိတာဖြစ်ပါတယ်။

ခုချိန်မှာလည်း ပုသိမ်တက္ကသိုလ်မှာ နည်းပြဆရာမလုပ်နေပါတယ်။ ဆလိုင်းဆွန်ကျဲအိုမှာ သားတစ်ယောက်နဲ့ သမီးသုံးယောက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်