နိုင်ငံကျော်အဆိုတော် ဆလိုင်းဆွန်ကျဲအို သမီး ပါရဂှုဘွဲ့ရရှိ

နိုင်ငံကျော် တေးရေး၊ တေးဆို ဆလိုင်းဆွန်ကျဲအိုရဲ့ သမီးကြီး Mai Bawi Nuam Ting (မိုင်ဘွဲ့နွမ်သိန်း) ဟာ ပုသိမ်တက္ကသိုလ်ကနေ ပါရဂှုဘွဲ့ရရှိပါတယ်။

ပါရဂူဘွဲ့အတွက်လိုအပ်တဲ့ ကျမ်းကိုတင်သွင်းပြီး ဇွန်လ(၁၄)ရက်တွင် ကျင်းပတဲ့ ပုသိမ်တက္ကသိုလ် ကိုယ်စားပြု ပညာရေးအဖွဲ့အစည်းအဝေးက လက်ခံအတည်ပြုပြီလို့ ဇွန်လ(၁၈)ရက်ကကြေညာချက်ထုတ်ထားပါတယ်။ သူဟာ အဏုဇီဝဗေဒအထူးပြုနဲ့ ပါရဂူဘွဲ့ရရှိတာဖြစ်ပါတယ်။

ခုချိန်မှာလည်း ပုသိမ်တက္ကသိုလ်မှာ နည်းပြဆရာမလုပ်နေပါတယ်။ ဆလိုင်းဆွန်ကျဲအိုမှာ သားတစ်ယောက်နဲ့ သမီးသုံးယောက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ဝင်ငွေထွက်ငွေမမျှလို့ ညည်းတွားနေရတဲ့ အိမ်ရှင်မတွေ

စာရေးသူ-ဇို စျေးကြီးတစ်ခုရဲ့ ကုန်စိမ်းတန်းဘက်ရောက်လာတော့ စျေးသည်အမျိုးသမီးတစ်ဦး မျက်နှာမ သာမယာနဲ့ ထိုင်နေတာကို သတိထားမိတယ်။ သူ့အနားရောက်တော့ ဘာကြောင့်မျက်နှာမကောင်းဖြစ်နေတယ်ဆိုတဲ့အဖြေကို သိလိုက်ရတယ်။ အဲဒီစျေးသည်အမျိုးသမီးက အသီးအနှံတွေ ရောင်းတာပါ။ အထူးသဖြင့် ရာသီပေါ်တွေဖြစ်တဲ့ သြဇာသီး၊ ကြက်မောက်သီး၊ မာလကာသီး စတဲ့အသီးအနှံတွေပဲ ...

ဆက်ဖတ်ရန်