နိုဝင်ဘာလ(၃)ရက် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်

ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ(၈)ရက်နေ့ထုတ်ပြန်လိုက်ပါတယ်။

ယင်းရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင် လစ်လပ်နေတဲ့ ကန်ပက်လက်မြို့နယ် ပြည်သူ့လွတ်တော်မဲဆန္ဒနယ်နဲ့ မတူပီမြို့နယ် ပြည်နယ်လွတ်တော် မဲဆန္ဒနယ်အမှတ်(၁)တို့တွင် ရွေးကောက်ပွဲကျင်းပမယ်လို့သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ လစ်လပ်မဲဆန္ဒနယ် (၁၂)နေရာရှိပါတယ်။ ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ(၁)ရက်၊ ၂၀၁၇ ခုနှစ် ဧပြီ(၁)ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။

ဒီနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပြည်ပပါတီကြီးတွေဖြစ်တဲ့ NLD, ကြံခိုင်ရေးပါတီတို့က လစ်လပ်မဲဆန္ဒနယ်အားလုံး ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်