တီးတိန်မြို့နယ်မှာ ရွာသား တဦး မိုင်းနင်းမိလို့ ခြေထောက်ဖြတ်ရ

ဇန်နဝါရီ ၂၉၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် New Suangpi ရွာမှာ ဇန်နဝါရီ ၂၅ ရက်နေ့က ဒေသခံအမျိူးသားတဦးဟာ မိုင်းနင်းမိခဲ့တာကြောင့် ခြေထောင်တဘက် ဖြတ်တောက်လိုက်ရတယ်လို့ သိရပါတယ်။

မိုင်းနင်းမိသူဟာ အသက် ၃၈ နှစ် အရွယ် Pa Khuang Tin Mang ဖြစ်ပြီး စစ်ရှောင်ရာကနေ နေအိမ်ကို ကြည့်ဖို့ ပြန်လာချိန် ရွာထိပ်မှာ မိုင်းနင်းမိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်ကနေ သိုင်းငင်းကတဆင့် ဖလမ်းဘက်ကို စစ်ကြောင်းထိုး အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်တွေကြောင့် ဇန်နဝါရီ ၂၀ ရက်ကစပြီး New Suangpi ရွာက ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

Zalen ad

” စစ်သားတွေ ရွာကနေ ဖလမ်းဘက်ကို ဆက်သွားတယ်ဆိုတော့ အိမ်ကို ပြန်ကြည့်ကြတာ။ ပြန်လို့ ရမရ၊ ဘာတွေ ပျက်စီးသွားလဲပေါ့၊ အဲဒီလို သွားရင်း ရွာထိပ်ရောက်ချိန်မှာ မိုင်းနင်းမိတာ။ ဘယ်ဘက်ခြေထောက်ကို ဒူးအောက်ကနေ ဖြတ်လိုက်ရတယ်၊ ညာဘက်လက်လဲ ဒဏ်ရာရသွားတယ်။ ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဖလမ်းမြို့နယ်၊ ဗာလုံရွာနဲ့ Zawngkawng ကျေးရွာအနီးမှာ ဇန်နဝါရီလ ၂၆ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၅၊ ဒီဇင်ဘာ ၂ရက်နေ့မှာ တီးတိန်မြို့နယ်၊ ဘဲ့ကန့် ကျေးရွာမှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိလို့ နွားနောက်ရှာတဲ့ အမျိုးသားဒေသခံ နှစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း-Mary

ဓာတ်ပုံ-New Suangpi ရွာမှာမိုင်းနင်းမိသည့် ဒေသခံအမျိုးသားပုံ

#တီးတိန်#မိုင်းနင်#NewSuangpi#Zalen

နောက်ဆုံးရသတင်းများ

ချင်းပြည်ကောင်စီရဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့အပေါ် ဒေသခံပြည်သူတို့ရဲ့ အမြင်သဘောထား မှတ်ချက်များ

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ Defense Coordination Team (TDC) ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီး သူတွေကို ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်တွေ စုဆောင်းသွားတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်