ချင်းပြည်နယ်မှာ ဖေဖော်ဝါရီလအတွင်း လေကြောင်းနဲ့ မိုင်းကြောင့် အရပ်သား ၁၂ ဦး သေဆုံး

=================

မတ် ၆ ၊၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်မှာ ဖေဖော်ဝါရီလ တလအတွင်း စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသမီးအဖွဲ့ (WJ) ယမန်နေ့ မတ်လ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် အမျိုးသား ၁၀ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၄၃ ဦး ရှိခဲ့ပါတယ်။

ဒါ့အပြင် မြေမြှုပ်မိုင်းကြောင့် အမျိုးသား ၁ ဦးနဲ့ လက်နက်ကြီး/ငယ်ကြောင့် အမျိုးသား ၁ ဦး စုစုပေါင်း ၂ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

မြို့နယ်အလိုက် သေဆုံးမှုတွေမှာ မတူပီမြို့နယ်မှ ၃ ဦးနဲ့ ထန်တလန်မြို့နယ်မှ ၆ ဦးတို့ ပါဝင်ပြီး အဲဒီမြို့နယ်နှစ်ခုဟာ ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးဖြစ်တယ်လို့ WJ က ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ အမျိုးသမီးတွေဟာ နေထိုင်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။

“အိပ်ဆောင်၊ အိမ်သာနှင့် ရေချိုးခန်းများ လုံလောက်စွာမရှိဘဲ စုပေါင်းနေထိုင်ရသဖြင့် အမျိုးသမီးများမှာ လုံခြုံမှုမရှိခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို နေ့စဉ်ကြုံတွေ့နေရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းတွေ၊ ကိုယ်ဝန်ဆောင်အားဆေး၊ သားဆက်ခြားဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

သီးသန့်နေထိုင်ဖို့ နေရာနဲ့ လုံခြုံသော ရေချိုးခန်း၊ အိမ်သာတွေ မလုံလောက်တာ၊ စခန်းအတွင်း အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ မိသားစုပြဿနာများကြောင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ရုရှားစစ်သင်္ဘော ၃ စင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာ

မတ် ၆၊၂၀၂၆ Zalen ရုရှားနိုင်ငံက စစ်သင်္ဘော ၃ စင်းဟာ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယမန်နေ့ မတ်လ ၅ ရက်က ရောက်ရှိလာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီစစ်သင်္ဘောမှာ ရုရှားရေတပ်မှ အဆင့်မြင့်အရာရှိနဲ့ စစ်သည်အင်အား ...

ဆက်ဖတ်ရန်