ဟားခါးမြို့ပေါ်တွင် ချင်းအမျိုးသားတပ်ဦး (CNA)မှ လူငယ်များအား ဖမ်းဆီးငွေညှစ်မှုများလုပ်

မတ် ၁၈၊၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် မတ်လ ၁၅ရက် တနင်္ဂနွေနေ့က ဖူဆယ်ဘောလုံးကစားတဲ့ လူငယ်နဲ့ မြို့ပေါ် လ္ဘက်ရည်ဆိုင်တွင်းတွေပါမကျန် လူငယ်အ​ယောက် ၉၀ နီးပါးခန့်ကို ချင်းအမျိုးသားတပ်ဦး (CNA) မှ ဖမ်းဆီးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။

အဆိုပါဖမ်းဆီးခံရတဲ့ထဲတွင် ဒေသခံလူငယ်အများအပြားနဲ့ ဖလမ်းမြို့မှ စစ်​ဘေး​ရှောင် လူငယ်​တချို့လည်း ပါသွားတယ်လ်ို့ သိရပါတယ်။

ဒေသခံတဦးက “ဘောလုံးကွင်းနားလေးနဲ့ လ္ဘက်

ရည်ဆိုင်တွေကနေ ဖမ်းသွားကြတာဗျ လူငယ်တွေ အများကြီးပဲ ဖမ်းခံရတယ် ဖလမ်းဘက်ကနေစစ်ဘေးလာရှောင်တဲ့ လူငယ်တွေလဲပါသွားကြတယ် ။ သိန်းနှစ်ရာနဲ့ရွေးနိုင်ရင် လွတ်ပေးမယ်လို့လည်းကြားတယ် ခုချိန်ထိလွတ်ပေးတာတော့မရှိသေးဘူး၊ဖမ်းခံရသူတွေရဲ့မိသားစုတွေက စိတ်ပူငိုယို​နေကြရတယ်၊ စစ်တပ်ကိုကြောက်လို့ရှောင်လာတယ် သူတို့တွေက စစ်တပ်လိုလုပ်နေကြတယ်လို့ “Zalen ကိုပြောပါတယ်။

အဆိုပါ ဖမ်းဆီးမှုတွင် CNA ဘက်မှငွေညစ်တောင်းခံ မှုများလည်းရှိနေပြီး ယခုအချိန် အထိ ပြန်လည် လွတ်မြောက်လာသူ မရှိသေး​ဘူးလို့သိရှိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ရက်နေ့က ပြုလုပ်တဲ့အွန်လိုင်းရန်ပုံငွေရှာခြင်းအစီအစဉ်တခုတွင် ချင်းအမျိုးသားတပ်ဦးမှ ဗိုလ်မှူးကြီးဆော်လမွန်ကအရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို အတည်ပြုလိုက်ကြောင်းပြောကြားထားပါတယ်။

ယင်းအဆိုပြုချက်မထွက်ခင် ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းပိုင်းကစပြီး ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာများမှာ စစ်မှုထမ်းဖို့လူငယ်များစတင်စုဆောင်းနေသလို ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှ ထွက်ပြေးလာကြတဲ့ လူငယ်များလည်း လမ်းခုလတ်ရှိ ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင် စစ်ဆေးရေးဂိတ်များမှာ ဖမ်းဆီး တာတွေလည်းရှိနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်များထံကနေ သိရပါတယ်။

မိုင်နွေဦး

ဓာတ်ပုံ-ပုံဟောင်း

#ဟားခါးမြို့#CNA#လူငယ်#ဖမ်းဆီး#Zalen

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်