စစ်ဘေးရှောင်စခန်းက လူငယ်တစ်ဦး အချိန်မှီဆေးကုသမှုမရရှိတာကြောင့် သေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့နယ် ခြန်းပြန်းကျေးရွာက အသက် ၂၀ အရွယ်လူငယ်တစ်ဦးဟာ စစ်ဘေးရှောင်နေရင်း ရုတ်တရက် နေမကောင်း ဖြစ်သော်လည်း အချိန်မှီ ဆေးကုသမှု မခံယူနိုင်သောကြောင့် ဒီကနေ့ ဧပြီ ၂၈ ရက် မနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

မတူပီ-မင်းတပ် လမ်းပေါ်တွင် ရှိသော ခြန်းပြန်းရွာဟာ မနေ့က မတူပီမြို့ကနေ မင်းတပ်သို့ ပြန်လည်ထွက်ခွာသွားသော စစ်ကောင်စီယာဉ်တန်းကြောင့် တရွာလုံး တောထဲပြေး စစ်ဘေးရှောင်ကြပါတယ်။

ဒေသခံတစ်ဦးက “သူ့မှာ အစာအိမ်ရောဂါအခံ ရှိတယ်လို့ ထင်တယ်။ တောထဲရောက်တော့ အစာမှန်အောင်မစားနိုင်တာကြောင့် ရုတ်တရက် ဗိုက်နာတာကို ဆေးကုသဖို့လည်း ခက်ခဲလို့ ဆုံးသွားတာ” လို့ ပြောပါတယ်။

Zalen ad

မနေ့နှင့် ဒီကနေ့တွင် ခြန်းပြန်းရွာ အနီးနားတဝိုက်တွင် စစ်ကောင်စီတပ်နဲ့ CDF-Matupi အကြားကတိုက်ပွဲများကလည်း ဖြစ်ပွားခဲ့ပါတယ်။

Zawgyi

စစ္ေဘးေရွာင္စခန္းက လူငယ္တစ္ဦး အခ်ိန္မွီေဆးကုသမႈမရရွိတာေၾကာင့္ ေသဆံုး

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္ ျခန္းျပန္းေက်း႐ြာက အသက္ ၂၀ အရြယ္လူငယ္တစ္ဦးဟာ စစ္ေဘးေရွာင္ေနရင္း ႐ုတ္တရက္ ေနမေကာင္း ျဖစ္ေသာ္လည္း အခ်ိန္မွီ ေဆးကုသမႈ မခံယူႏိုင္ေသာေၾကာင့္ ဒီကေန႔ ဧၿပီ ၂၈ ရက္ မနက္ပိုင္းတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရပါတယ္။

မတူပီ-မင္းတပ္ လမ္းေပၚတြင္ ရွိေသာ ျခန္းျပန္း႐ြာဟာ မေန႔က မတူပီၿမိဳ႕ကေန မင္းတပ္သို႔ ျပန္လည္ထြက္ခြာသြားေသာ စစ္ေကာင္စီယာဥ္တန္းေၾကာင့္ တ႐ြာလုံး ေတာထဲေျပး စစ္ေဘးေရွာင္ၾကပါတယ္။

ေဒသခံတစ္ဦးက “သူ႔မွာ အစာအိမ္ေရာဂါအခံ ရွိတယ္လို႔ ထင္တယ္။ ေတာထဲေရာက္ေတာ့ အစာမွန္ေအာင္မစားႏိုင္တာေၾကာင့္ ႐ုတ္တရက္ ဗိုက္နာတာကို ေဆးကုသဖို႔လည္း ခက္ခဲလို႔ ဆုံးသြားတာ” လို႔ ေျပာပါတယ္။

မေန႔ႏွင့္ ဒီကေန႔တြင္ ျခန္းျပန္း႐ြာ အနီးနားတဝိုက္တြင္ စစ္ေကာင္စီတပ္နဲ႔ CDF-Matupi အၾကားကတိုက္ပြဲမ်ားကလည္း ျဖစ္ပြားခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်