BTS ကျမ်းစာကျောင်းသားတွေက ကလေးမြို့ပြည်သူ့ဆေးရုံမှာ လုပ်အားပေးသန့်ရှင်းရေးပြုလုပ်

ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ BTS (Bethel Theological Seminary) ကျမ်းစာကျောင်းမှ ကျောင်းသူ၊သား (၉၀)ကျော်က ဒီဇင်ဘာ (၁၃)ရက်က ကလေးမြို့ ပြည်သူ့ဆေးရုံတွင် အမှိုက်ကောက်ခြင်း နဲ့ ပေါင်းရှင်းခြင်းဖြစ် လုပ်အားပေးသန့်ရှင်းရေးများပြုလုပ်ကြပါတယ်။

BTS ကျောင်းသားတစ်ဦးက “ဒီနှစ်တော့ ကျောင်းသားထုအစည်းအဝေး ကနေဆုံးဖြတ်တာကတော့ ‘ဒီပညာသင်နှစ်မှာ ပြင်ပ လူမှုရေးအလုပ် တကြိမ်လုပ်ဖို့ ကျောင်း Faculty ကိုတင်တော့ သူတို့လည်းအားပေးတယ်။ ဘတ်ဂျက် လည်း ပေးတယ်။ အတော်ဆင်ပြေတယ်လို့ပြောရမှာပေါ့နော်။ ဒီလိုလုပ်တော့လည်း ကျောင်းသား/သူတွေဘက်က တော်တော်လေးကို ပိုပြီးမှပီတိခံစားရတယ်။ တနေကုန်တော့မလုပ်နိုင်ဘူးပေါ့နော်၊ သောကြာနေ့ မနက်ပိုင်းအတန်း ပြီးမှပဲသွားတာဆိုတော့၊ 1:30-3:00 PM အထိလောက်လုပ်ဖြစ်တယ်။ အဲ့ချိန်လေးမှာ ဆေးရုံအုပ်ညွန်းကြားတဲ့နေရာတွေတော့ အားလုံးတက်တက်ကြွကြွနဲ့ကျေပွန်အောင်လုပ်နိုင်ခဲ့ပါတယ်” လို့ပြောပါတယ်။

BTS ကျမ်းစာကျောင်းက အခုလို ပြင်ပထွက်ပြီးလူမှုရေးအလုပ် ဆောင်ရွက်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင် ၂၀၁၅ ခုနှစ် ကလေးမြို့ ရေကြီးတုန်းက ကလေးမြို့ ပြည်သူ့ဆေးရုံတွင် သန့်ရှင်းရေးလုပ်အားပေးခဲ့ပြီး ၂၀၀၆ ခုနှစ် တာဟန်းဈေးမီးလောင်တဲ့ချိန်တွင် အမှိုက်များရှင်းလင်းရေးပါဝင်ကူညီခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်