CDF – ထန်တလန်ရဲ့ ပထမအကြိမ် ညီလာခံကျင်းပပြီး ကာကွယ်ရေးဖွဲ့စည်းပုံ ပြောင်းလဲ

Grace/၂၅၊ အောက်တိုဘာ ၊ ၂၀၂၃။

Zalen

CDF – Thantlang ရဲ့ပထမအကြိမ်မြောက် ညီလာခံကို ၂၀၂၃ အောက်တိုဘာ ၁၈ မှ ၂၀ ရက်နေ့အထိ နယ်စပ်တနေရာတွင်ကျင်းပ ပြီး ညီလာခံကို သက်ဆိုင်ရာကိုယ်စားလှယ် စုစုပေါင်း ၁၉၀ ဦးကျော်တက်ရောက်နိုင်တယ်လို့ CDF – Thantlang မှ မနေ့ အောက်တိုဘာ ၂၄ တွင်ထုတ်ပြန်ထားပါတယ်။

ညီလာခံတွင် ၂နှစ်ခွဲခန့်အချိန်အတွင်း အဖွဲ့အစည်းလုပ်ဆောင်ခဲ့သောလုပ်ငန်းများကို ပြန်လည် သုံးသပ်မှတ်တမ်း တင်ခြင်း၊ ဦးဆောင်မည့်သူများပြန်လည်ရွေးချယ်ခြင်း တို့လုပ်ဆောင်ကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ထားပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး CDF –Thantlang ကာကွယ်ရေးပိုင်းပြင်ဆင်ဖွဲ့စည်းထားတာ နည်းနည်းရှိတယ် ပေါ့နော်။ အရင် တုန်းကတော့ တပ်မတော်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် (Commander-in-Chief )  ကအမြင့်ဆုံး တာဝန်ကို  ယူ ထားပြီး သူ့ရဲ့လက်အောက်မှာ တပ်မှူး (Commander 1, 2,3) ရှိတယ်။ ပြီးတော့  တောင်ကြော အလိုက် တပ်မှူး များဆိုပြီး ၆ ဦးအထိရှိပါ တယ်။ အခုတစ်ခေါက်ပြင်ဆင်တာကတော့ CNF/A နဲ့အခြား CDF များရဲ့ ဖွဲ့စည်းပုံအတိုင်း ကာကွယ်ရေးအတွင်းရေးမှူး (Defense Secretary ) ကနေကာကွယ်ရေးပိုင်း အမြင့် ဆုံးတာဝန်ကိုယူထားပြီး သူ့ရဲ့အောက်ကနေ  စစ်ဦးစီးအရာရှိချုပ် (Chief of Staff ,CS) နဲ့ ဒု- စစ်ဦးစီးအရာရှိ ချုပ်(Vice Chief of Staff ,VCS) ဆိုပြီး သူတို့ (၃) ဦးက ဦးစီးဦးဆောင်လုပ်မှာပါ။ တစ်ခြားအပိုင်းမှာတော့ ထွေထွေထူးထူးပြောင်းလဲတာ မရှိပါဘူး” လို့ CDF-ထန်တလန် တာဝန်ရှိသူတစ်ဦးက Zalen ကိုပြောပါတယ်။

CDF –Thantlang ရည်မှန်းချက်များဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ ပြည်သူများ အနေဖြင့် ငွေကြေး ပိုင်းဆိုင်ရာမှာလည်း ပိုမိုပံ့ပိုး ကူညီပေးပါရန်လည်း ထုတ်ပြန်ချက်ထဲ ထည့်သွင်းထားပါတယ်။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်