CDF-KKG ထံ စကစတပ်သား ၃ ယောက်အလင်းဝင်လာ၊ လက်နက်/ကျည်မပါတဲ့သူတွေ တာဝန်ယူတော့မည်မဟုတ်ဟုကြေညာ

ကလေးမြို၊ အင်ဒိုင်းလေး ခမရ ၃၆၃ ခြေမြန်တပ်ရင်းက တပ်ကြပ်ကြီးစာရေး (ကိုယ်ပိုင်အမှတ် တ/၄၉၇၉၇၆) Mang Bawi Hring နဲ့ အခြား စကစတပ်သား နှစ်ဦးတို့ဟာ CDF-KKG ထံအလင်းဝင်လာတယ်လို့ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်တွင် CDF-KKG ကထုတ်ပြန်ပါတယ်။

လက်နက်/ကျည်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသူများကိုသာ လုံခြုံစိတ်ချရသော နယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ထိုက်သင့်သော ဆုကြေးကိုလည်း ချီးမြင့်သွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ကျည် မပါသူများကိုမူ မိမိတိုအနေဖြင့် တာဝန်ယူတော့မည် မဟုတ်ပါလို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

အခုအချိန်ထိ CDF-KKG ကနေတဆင့် CDM ပြုလုပ်ပြီး အလင်းဝင်ရောက်လာသူ အရေအတွက် စုစုပေါင်း (၆) ဦးအထိရှိပါပြီ။

Zawgyi

CDF-KKG ထံ စကစတပ္သား ၃ ေယာက္အလင္းဝင္လာ၊ လက္နက္/က်ည္မပါတဲ့သူေတြ တာဝန္ယူေတာ့မည္မဟုတ္ဟုေၾကညာ

ကေလးၿမိဳ၊ အင္ဒိုင္းေလး ခမရ ၃၆၃ ေျချမန္တပ္ရင္းက တပ္ၾကပ္ႀကီးစာေရး (ကိုယ္ပိုင္အမွတ္ တ/၄၉၇၉၇၆) Mang Bawi Hring နဲ႔ အျခား စကစတပ္သား ႏွစ္ဦးတို႔ဟာ CDF-KKG ထံအလင္းဝင္လာတယ္လို႔ ဒီကေန႔ ႏိုဝင္ဘာ ၃၀ ရက္တြင္ CDF-KKG ကထုတ္ျပန္ပါတယ္။

လက္နက္/က်ည္အျပည့္အစုံျဖင့္ အလင္းဝင္ေရာက္လာသူမ်ားကိုသာ လုံျခဳံစိတ္ခ်ရေသာ နယ္ေျမသို႔ ပို႔ဆောင္ေပးသြားမည္ျဖစ္ၿပီး ထိုက္သင့္ေသာ ဆုေၾကးကိုလည္း ခ်ီးျမင့္သြားမည္ ျဖစ္ေၾကာင္းႏွင့္ လက္နက္/က်ည္ မပါသူမ်ားကိုမူ မိမိတိုအေနျဖင့္ တာဝန္ယူေတာ့မည္ မဟုတ္ပါလို႔ ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

အခုအခ်ိန္ထိ CDF-KKG ကေနတဆင့္ CDM ျပဳလုပ္ၿပီး အလင္းဝင္ေရာက္လာသူ အေရအတြက္ စုစုေပါင္း (၆) ဦးအထိရွိပါၿပီ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်