CDF-KKG ထံ စကစတပ်သား ၃ ယောက်အလင်းဝင်လာ၊ လက်နက်/ကျည်မပါတဲ့သူတွေ တာဝန်ယူတော့မည်မဟုတ်ဟုကြေညာ

ကလေးမြို၊ အင်ဒိုင်းလေး ခမရ ၃၆၃ ခြေမြန်တပ်ရင်းက တပ်ကြပ်ကြီးစာရေး (ကိုယ်ပိုင်အမှတ် တ/၄၉၇၉၇၆) Mang Bawi Hring နဲ့ အခြား စကစတပ်သား နှစ်ဦးတို့ဟာ CDF-KKG ထံအလင်းဝင်လာတယ်လို့ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်တွင် CDF-KKG ကထုတ်ပြန်ပါတယ်။

လက်နက်/ကျည်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသူများကိုသာ လုံခြုံစိတ်ချရသော နယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ထိုက်သင့်သော ဆုကြေးကိုလည်း ချီးမြင့်သွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ကျည် မပါသူများကိုမူ မိမိတိုအနေဖြင့် တာဝန်ယူတော့မည် မဟုတ်ပါလို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

အခုအချိန်ထိ CDF-KKG ကနေတဆင့် CDM ပြုလုပ်ပြီး အလင်းဝင်ရောက်လာသူ အရေအတွက် စုစုပေါင်း (၆) ဦးအထိရှိပါပြီ။

Zawgyi

Zalen ad

CDF-KKG ထံ စကစတပ္သား ၃ ေယာက္အလင္းဝင္လာ၊ လက္နက္/က်ည္မပါတဲ့သူေတြ တာဝန္ယူေတာ့မည္မဟုတ္ဟုေၾကညာ

ကေလးၿမိဳ၊ အင္ဒိုင္းေလး ခမရ ၃၆၃ ေျချမန္တပ္ရင္းက တပ္ၾကပ္ႀကီးစာေရး (ကိုယ္ပိုင္အမွတ္ တ/၄၉၇၉၇၆) Mang Bawi Hring နဲ႔ အျခား စကစတပ္သား ႏွစ္ဦးတို႔ဟာ CDF-KKG ထံအလင္းဝင္လာတယ္လို႔ ဒီကေန႔ ႏိုဝင္ဘာ ၃၀ ရက္တြင္ CDF-KKG ကထုတ္ျပန္ပါတယ္။

လက္နက္/က်ည္အျပည့္အစုံျဖင့္ အလင္းဝင္ေရာက္လာသူမ်ားကိုသာ လုံျခဳံစိတ္ခ်ရေသာ နယ္ေျမသို႔ ပို႔ဆောင္ေပးသြားမည္ျဖစ္ၿပီး ထိုက္သင့္ေသာ ဆုေၾကးကိုလည္း ခ်ီးျမင့္သြားမည္ ျဖစ္ေၾကာင္းႏွင့္ လက္နက္/က်ည္ မပါသူမ်ားကိုမူ မိမိတိုအေနျဖင့္ တာဝန္ယူေတာ့မည္ မဟုတ္ပါလို႔ ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

အခုအခ်ိန္ထိ CDF-KKG ကေနတဆင့္ CDM ျပဳလုပ္ၿပီး အလင္းဝင္ေရာက္လာသူ အေရအတြက္ စုစုေပါင္း (၆) ဦးအထိရွိပါၿပီ။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်