CDF-Mindat နဲ့ YDF တို့ မဟာမိတ်ဖွဲ့စည်းလိုက်ပြီ

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) နဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) တို့ဟာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဇူလိုင် ၂၆ ရက်ကစပြီး မဟာမိတ်ဖွဲ့စည်းလိုက်ပြီလို့ ပူးပေါင်းကြေညာကြပါတယ်။

အသိပေးသတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုကြီးဖြစ်သည်နှင့်အညီ မဟာလူမျိုးကြီးဝါဒ၊ အစွန်းရောက်လူမျိုးစွဲဝါဒ၊ အစွန်းရောက် ဘာသာရေးနှင့် အမျိုးသားရေးသမားများသည် တိုင်းနှင့် ပြည်နယ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ကြီးမားသော အဟန့်အတားကြီးတရပ်အ ဖြစ်ရှိနေခဲ့ပေသည်။

အထူးသဖြင့် ၁၉၆၂ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့သော စစ်အာဏာရှင်လူတန်းစားတစ်ရပ်သည် တိုင်းပြည်၏ သံသယံဇတ သဘာဝရင်းမြစ်များနှင့် လူသားရင်းမြစ်များကို ထင်ထင်ရှားရှား ဖျက်စီ၍ ဂုတ်သွေးစုပ်နေခဲ့သည်မှာ ၅၉ နှစ်တိတိရှိခဲ့ပြီး ယနေ့ထက်တိုင် အမြစ်မပြတ်သေးချေ။ ကျွနိုပ်တို့သည် ထိုယိုယွင်းနေသော တိုင်းပြည်အခြေအနေကို ပြန်လည်တည့်မတ်ပြီး မြန်မာပြည်သူ၊ ပြည်သားများအားလုံး လူသားဂုဏ်သိက္ခာဖြင့် ကမ္ဘာ့အလည်တွင် လွတ်လပ်စွာရပ်တည်နေနိုင်ရေးကို ဦးတည်၍ ကျွနိုပ်တို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) တို့သည် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးဆိုသည့် တူညီသော ယုံကြည်ချက်ဖြင့် အချင်းချင်းအပြန်အလှန်စောင့်ရှောက်ကာ မဟာမိတ်အဖွဲ့အဖြစ် သစ္စာစောင့်ထိန်းရပ်တည်သွားမည်ဖြစ်ကြောင့် အများပြည်သူတို့အား ကျွနိုပ်တို့ အသိပေးအပ်ပါသည်လို့ ဖော်ပြထားပါတယ်။

(Zawgyi)





နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်မှူးမှ ညွန်ကြား

၂၆၊ အောက်တိုဘာ ၂၀၂၄ Zalen မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ် အော့ခရူခရိုင်နဲ့၊ ကမ်း‌ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်အုပ်ချူပ်ရေးအဖွဲ့က အောက်တိုဘာ ၂၂ရက်နေ့က လာရောက်ညွန်ကြားခဲ့တယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။ ...

ဆက်ဖတ်ရန်