CDM သူနာပြုဆရာမ တစ်ဦး စစ်ကောင်စီက ဖမ်းဆီးကာသတ်ဖြတ်

ချင်းပြည်နယ်၊ ဖလမ်းပြည်သူ့ဆေးရုံးက အထက်တန်းသူနာပြုဆရာမ ဒေါ်သဲသဲဝင်း (၄၀နှစ်) ဟာ CDM မှာ ပါဝင်ပြီး မိမိရွာက နေအိမ်တွင်ဆိုင်ဖွင့်ပြီး ဈေးရောင်းနေစဉ် ဖေဖော်ဝါရီ ၂၁ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးကာသတ်ဖြတ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

အလောင်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ရွာသားများကပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဆရာမ ဒေါ်သဲသဲဝင်းဟာ CDM လုပ်ပြီးဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးဒါးကြီးကျေးရွာသို့ပြန်ကာ နေအိမ်တွင် ကုန်စည်ရောင်းဝယ်ရင်း အသက်မွေးဝမ်းကျောင်းတယ်လို့သိရတယ်။

ဒလန်က စစ်ကောင်စီ တွေဆီမှာ ဆရာမ ဒေါ်သဲသဲဝင်းဟာ CDM ,PDF တွေကို ဆေးဝါးကုသပေးတယ် ၊ ထောက်ပို့လုပ်တယ် စသဖြင့်တိုင်တန်တာကြောင့် စစ်ကောင်စီက ဆရာမကို ဖမ်းသွားပြီး လက်ပြန်ကြိုးတုပ်ကာ သတ်ပစ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ယခင်က စစ်ကြောင်းလာတိုင်းရှောင်ခဲ့ပေမယ့် ယခုတစ်ကြိမ်စစ်ကြောင်းလာတဲ့ချိန်မှာ မရှောင်ပဲ အိမ်ထဲမှာ ပုန်းနေစဉ် ဖမ်းဆီးခံရပြီးလမ်းမှာပဲသတ်ပစ်လိုက်တယ်လို့ သတင်းရတယ်။

နောက်ဆုံးရသတင်းများ

ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် ...

ဆက်ဖတ်ရန်