CDM လုပ်တဲ့ တပ်ကြပ်ကြီးရဲ့ မသန်စွမ်းညီမ ၂ ယောက်၊ ၁၀ နှစ်အရွယ်တူမအပါအဝင် အမျိုးသမီး ၅ ယောက်ကို စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်

ချင်းပြည်နယ်၊ ဟားခါးမြို့ ၂၆၆ တပ်ရင်းကနေ မကြာသေးခင်က CDM မှာပါဝင်တဲ့ တပ်ကြပ်ကြီး ဟင်လျန်ပြန်ရဲ့ အသက် ၆၀ ကျော်အရွယ်မိခင်၊ မသန်စွမ်းညီမ ၂ ယောက်၊ ၁ဝနှစ်အရွယ်တူမနဲ့ တက္ကသိုလ်ကျောင်းသူ တူမတစ်ယောက်ကို ယနေ့ အောက်တိုဘာ ၁၁ ရက်ညနေ ၂ နာရီလောက်က စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့သိရတယ်။

ဖြစ်စဉ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ ကလေးမြို့နေ ဖလမ်းမြို့ဘက်တက်သွားစဉ် ဖလမ်းမြို့နယ် ဇောင်လဲန်ကျေးရွာတွင်နေထိုင်တဲ့ တပ်ကြပ်ကြီး ဟင်လျန်ပြန်ရဲ့ မိခင်ရဲ့နေအိမ်သို့ စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ၄င်းရဲ့မိသားစုဝင်တွေကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ တပ်ကြပ်ကြီးရဲ့မိခင် ဒေါ်ခဲမ်ဒင် (၆ဝနှစ်)၊ တပ်ကြပ်ကြီးရဲ့ မသန်စွမ်းညီမ နှစ်ယောက်ဖြစ်တဲ့ ဒေါ်ဇိန်သင်ဇမ် (၅ဝနှစ်)၊ ဒေါ်သျှိုင်ယမ်အုပ်သိန်း (၃၈နှစ်)၊ တူမလေး ဆိုင်လျန်သျှိုင် (၁ဝနှစ်) နဲ့ ဇာရ်ကောမ်ကျေးရွာမှခဏလာရောက်နေထိုင်တဲ့ တူမဖြစ်သူ တက္ကသိုလ်ကျောင်း ၂နှစ်တက်နေတဲ့ မိုင်ဗန်နေသျှိုင် (၂ဝနှစ်)တို့ဖြစ်ပါတယ်။

တပ်ကြပ်ကြီး ဟင်လျန်ပြန်ဟာ စစ်တပ်ထဲဝင်ခဲ့တာ ၇ နှစ်ကြာပြီဖြစ်ပြီး ရုံးစာရေးအလုပ် လုပ်ကိုင်တယ်လို့သိရတယ်။

Zalen ad

ကလေးမြို့ကနေ တက်သွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ကားကြီး ၄၈ စီးနဲ့ သံချပ်ကာ ၂ စီးဟာ ကလေး-ဖလမ်းလမ်းမပေါ်ရှိ ဖလမ်းမြို့နယ် လုမ်ဘန်ကျေးရွာ ကျောင်းနဲ့ တိုက်နယ်ဆေးရုံတွင် ညအိပ်ရပ်နားကြတယ်လို့သိရတယ်။

လမ်းမဘေးမှာနေထိုင်တဲ့ လုမ်ဘန်ရွာသားတွေဟာ ၄င်းတို့အိမ်မှာ အိပ်ရဲဘေး လမ်းဘေးနဲ့ဝေးရာအိမ်တွေမှာပြောင်းရွေ့ကြတယ်လို့သိရတယ်။

Zawgyi

CDM လုပ္တဲ့ တပ္ၾကပ္ၾကီးရဲ႕ မသန္စြမ္းညီမ ၂ ေယာက္၊ ၁၀ ႏွစ္အရြယ္တူမအပါအဝင္ အမ်ဳိးသမီး ၅ ေယာက္ကို စစ္ေကာင္စီကဖမ္းဆီးေခၚေဆာင္

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕ ၂၆၆ တပ္ရင္းကေန မၾကာေသးခင္က CDM မွာပါဝင္တဲ့ တပ္ၾကပ္ၾကီး ဟင္လ်န္ျပန္ရဲ႕ အသက္ ၆၀ ေက်ာ္အရြယ္မိခင္၊ မသန္စြမ္းညီမ ၂ ေယာက္၊ ၁၀ႏွစ္အရြယ္တူမနဲ႔ တကၠသိုလ္ေက်ာင္းသူ တူမတစ္ေယာက္ကို ယေန႔ ေအာက္တိုဘာ ၁၁ ရက္ညေန ၂ နာရီေလာက္က စစ္ေကာင္စီတပ္ေတြက ဖမ္းဆီးေခၚေဆာင္သြားၾကတယ္လုိ႔သိရတယ္။

ျဖစ္စဥ္မွာ အၾကမ္းဖက္ စစ္ေကာင္စီတပ္ေတြဟာ ကေလးၿမိဳ႕ေန ဖလမ္းၿမိဳ႕ဘက္တက္သြားစဥ္ ဖလမ္းၿမိဳ႕နယ္ ေဇာင္လဲန္ေက်းရြာတြင္ေနထုိင္တဲ့ တပ္ၾကပ္ၾကီး ဟင္လ်န္ျပန္ရဲ႕ မိခင္ရဲ႕ေနအိမ္သို႔ စစ္ေကာင္စီတပ္ေတြဝင္ေရာက္ၿပီး ၄င္းရဲ႕မိသားစုဝင္ေတြကို ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္ပါတယ္။

ဖမ္းဆီးခံရတဲ့သူေတြကေတာ့ တပ္ၾကပ္ၾကီးရဲ႕မိခင္ ေဒၚခဲမ္ဒင္ (၆၀ႏွစ္)၊ တပ္ၾကပ္ၾကီးရဲ႕ မသန္စြမ္းညီမ ႏွစ္ေယာက္ျဖစ္တဲ့ ေဒၚဇိန္သင္ဇမ္ (၅၀ႏွစ္)၊ ေဒၚသွ်ဳိင္ယမ္အုပ္သိန္း (၃၈ႏွစ္)၊ တူမေလး ဆုိင္လ်န္သွ်ဳိင္ (၁၀ႏွစ္) နဲ႔ ဇာရ္ေကာမ္ေက်းရြာမွခဏလာေရာက္ေနထုိင္တဲ့ တူမျဖစ္သူ တကၠသိုလ္ေက်ာင္း ၂ႏွစ္တက္ေနတဲ့ မိုင္ဗန္ေနသွ်ဳိင္ (၂၀ႏွစ္)တုိ႔ျဖစ္ပါတယ္။

တပ္ၾကပ္ၾကီး ဟင္လ်န္ျပန္ဟာ စစ္တပ္ထဲဝင္ခဲ့တာ ၇ ႏွစ္ၾကာၿပီျဖစ္ၿပီး ရံုးစာေရးအလုပ္ လုပ္ကိုင္တယ္လုိ႔သိရတယ္။

ကေလးၿမိဳ႕ကေန တက္သြားတဲ့ အၾကမ္းဖက္ စစ္ေကာင္စီတပ္ ကားၾကီး ၄၈ စီးနဲ႔ သံခ်ပ္ကာ ၂ စီးဟာ ကေလး-ဖလမ္းလမ္းမေပၚရွိ ဖလမ္းၿမိဳ႕နယ္ လုမ္ဘန္ေက်းရြာ ေက်ာင္းနဲ႔ တိုက္နယ္ေဆးရံုတြင္ ညအိပ္ရပ္နားၾကတယ္လုိ႔သိရတယ္။

လမ္းမေဘးမွာေနထုိင္တဲ့ လုမ္ဘန္ရြာသားေတြဟာ ၄င္းတို႔အိမ္မွာ အိပ္ရဲေဘး လမ္းေဘးနဲ႔ေဝးရာအိမ္ေတြမွာေျပာင္းေရြ႕ၾကတယ္လုိ႔သိရတယ္။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်