Chinland Herald အယ်ဒီတာချုပ် ဆလိုင်းငယ်ပီးကို စစ်တပ်က တရားစွဲဆို

ဖလမ်းမြို့အခြေစိုက် ဒေသန္တရ နေ့စဉ်သတင်းစာဖြစ်တဲ့ Chinland Herald အယ်ဒီတာချုပ် ဆလိုင်းငယ်ပီးကို တပ်ရင်းမှူး အောင်မျိုးထွဋ်က စစ်တပ်ကို ပုံရိပ်ကျဆင်းစေမှုနဲ့ တရားစွဲဆိုထားတယ်လို့သတင်းရရှိပါတယ်။

ဆလိုင်းငယ်ပီးက “ဒီနေ့ ပထမအကြိမ် ရုံးချိန်းသွားခဲ့တယ်။ ဘာလို့တရားစွဲတာလဲဆိုရင် ကျနော်တို့သတင်းစာမှာ အရင်က ဖော်ပြခဲ့တဲ့ သတင်းကြောင့်ပါ။ သတင်းက ဖလမ်းမြို့ထဲရေပေးဝေတဲ့ ရေပိုက်ပျက်တဲ့သတင်းကိုရေးတော့ အောက်မှာ လူငယ်တစ်ယောက်ရဲ့ပြောစကားကိုထည့်ရေးတယ်။ အဲ့ဒီလူငယ် သူတို့(စစ်တပ်)က ဖျက်ဆီးပြီးတော့ ပြည်သူတွေလုပ်သယောင်ပုံမှားရိုက်တာလည်းဖြစ်နိုင်တယ်လို့ပြောတာကို သူတို့မကြိုက်လို့တရားစွဲတာ” လို့ပြောပါတယ်။

ဆလိုင်းငယ်ပီးဟာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီဝင်တစ်ဦးဖြစ်ပြီး ၃ ကြိမ်တိုင်တိုင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့သူလည်းဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်