CNO/CNDFထံရဲတပ်ကြပ်ကြီးအပါဝင် ရဲတပ်ဖွဲ့ဝင် ၃ဦးအလင်းဝင်

၁၊ဇွန်၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ဖလမ်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ဦးဟာ CNO/CNDFထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။

ယမန်နေ့ မေလ ၃၁ရက်နေ့မှာ ဖလမ်းမြို့ရှိ စစ်တပ်လက်အောက်ခံ ရဲတပ်ကြပ်ကြီး ဦးဆန်ထောင်း၊ရဲတပ်သား ဟိန်းထက်စံ၊ ရဲတပ်သား ဟွာခန့်စိန်တို့ အလင်းဝင်လာတာဖြစ်တယ်လို့ CNOကထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်များမှ G3သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၆လုံး၊ 7.62ကျည်ဆံ ၂၉၀တောင့်နှင့် ကျည်ဘောက် ၃ခုဖြင့် အလင်းဝင်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 အလင်းဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၃ဦးကို လုံခြုံတဲ့နေရာဖြစ်တဲ့ လွတ်မြောက်နယ်မြေတစ်နေရာကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

သတင်း-HAK

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်