CNO/ CNDF နဲ့ HPO/ CDF – Hualngo ပဋိပက္ခတွင်ပါ၀င်ပတ်သက်ခြင်းမရှိဟု YA ထုတ်ပြန်

၁၄ ၊ဇူလိုင် ၊၂၀၂၅

Zalen

လက်ရှိဖြစ်ပေါ်နေတဲ့ ချင်းပြည်နယ်အတွင်း CNO/ CNDF နဲ့ HPO/ CDF – Hualngo ပဋိပက္ခတွင်ပါ၀င်ပတ်သက်ခြင်းမရှိကြောင်း Yaw Army – YA က မနေ့က ဇူလိုင် ၁၃ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ဇူလိုင်လပထမပတ် အတွင်းဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ်တွင်း CNO/ CNDF နဲ့ HPO/ CDF Hualngo ပဋိပက္ခတွင် အခြားသောအဖွဲ့အစည်းအချို့နဲ့အတူ ယောတပ်တော် (YA )ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ CNA/F တာ၀န်ရှိသူတစ်ဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်ပြီး YA အနေဖြင့် ပါဝင်ပတ်သက်မှု မရှိကြောင်းကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင် အတွင်းရေးမှူးမှတဆင့် ဆက်သွယ်ကန့်ကွက်ခဲ့ကြောင်းဖော်ပြထားပါတယ်။

ဒါ့အပြင်အဆိုပါကိစ္စကမြေပြင်သတင်းအချက် အလက် အားနည်းမှုဖြစ်နိုင်ကြောင်း CNA/F ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြန် လည် အကြောင်းပြန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ယောတပ်တော်(YA)ကတော့ ချင်းညီနောင် (CB) နဲ့မဟာမိတ်အဖြစ် ဘုံရန်သူ စစ်သုံးစစ် ဖြုတ်ချရေးမှာ လက်တွဲပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သော်လည်း ချင်းအမျိုးသားတည် ဆောက်ရေး၊ ချင်းပြည်ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များမှာ ဝင်ရောက်စွက်ဖက်နေခြင်း မရှိကြောင်း ချင်းပြည်သူလူထုအားလုံးကိုအသိပေးတိုက်တွန်းထားပါတယ်။

ဆက်လက်ပြီး ယောတပ်တော်အ‌ နေဖြင့် ၎င်းတို့ ထုတ်ပြန်ကြေညာထားတဲ့ အန္တိမပန်းတိုင် (၄) ရပ်နဲ့ မူဝါဒများ တွင်သာ အခိုင်အမာရပ်တည်ပြီး အဖိနှိပ်ခံပြည်သူလူထုလွတ်မြောက်ရေးကိုပဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့အသိပေးထားပါတယ်။

သတင်း – ညီစေ

ဓာတ်ပုံ – ယောတပ်တော်

နောက်ဆုံးရသတင်းများ

မလေးရှားမှာ မြန်မာ ရိုဟင်ဂျာ ၃၅၅ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၄၉၆ ဦး ဖမ်းဆီးခံရ

ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ဆီရီကန်ဘာကန်မှာ မြန်မာ ရိုဟင်ဂျာ ၃၃၅ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၄၉၆ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှား လူဝင်မှုကြီးရေးဌာနက ဒီနေ့ ...

ဆက်ဖတ်ရန်