CYLA နဲ့ ULA တို့တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ပတ်ကျော်ပိတ်ထားတဲ့ လမ်းပြန်ဖွင့်

၁၁၊ ဇွန်လ၊၂၀၂၄

Zalen

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းက အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ Central Young Lai Association နဲ့ United League of Arakan က တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ပတ်ကျော်ကြာ ပိတ်ထားတဲ့ လမ်းပြန်ဖွင့်ပြီလို့သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်ကစပြီး လောင်တလိုင်ခရိုင်အတွင်းကနေ မည့်သည့် ကုန်တင်ယာဉ်မဆို မြန်မာနိုင်ငံ၊ ရခိုင်ပြည်ထဲကို မဝင်ဖို့ CYLA က သတိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“လောင်တလိုင်ခရိုင်က ပြည်သူများအနေနဲ့ မြန်မာနိုင်ငံ ထဲကို ဝင်ရောက်တာဟာ အခက်အခဲနဲ့ ပြဿနာဖြစ်နိုင် ခြေများလွန်းတာကြောင့် မေလ ၂၅ ရက် ကနေစပြီး ဝင်ထွက်ခွင့်ကို ပိတ်ပင်ခဲ့တယ်။ ဒါပေမယ့် ယခုအချိန်မှာ သူတို့သွားနေကျ လမ်းက တည်ငြိမ်လာပြီဖြစ်သလို United League of Arakan – ULA တာဝန်ရှိသူများနဲ့ ဆွေးနွေးမှုအဆင်ပြေတာကြောင့် မနက်ဖြန် ဇွန်လ ၁၂ ရက် ညနေ ၆ နာရီကနေစပြီး ကားများအဝင်အထွက် ပြန်လုပ်လို့ရပါတယ်။” လို့ CYLA က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါပေမယ့် အခုလိုနှစ်ဖက် အဝင်အထွက်လုပ်ပြီး ကုန်သွယ်နေတာဟာ စောင့်ကြည့်နေဖို့လိုသေးတဲ့ အခြေအနေ ဖြစ်တာကြောင့် CYLA က လေ့လာရေးအဖွဲ့ (Study Team)ကို ဖွဲ့စည်းကာ ရှေ့ဆက်စောင့်ကြည့် နေမယ် လို့ဆိုပါတယ်။

နောင်တစ်ချိန် CYLA ဘက်မှ အကြောင်းထူးလို့ သတင်းထုတ်ပြန်လာတာပဲဖြစ်ဖြစ်၊လုပ်ဆောင်မှုတစ်ခုခု ဖြစ်လုပ်လာမယ်ဆိုရင်လည်း မိဘပြည်သူများလုံခြုံရေးအတွက်သာ လုပ်ဆောင်မှာဖြစ်တာကြောင့် လက်ခံ နားလည်ပေးကြပါရန် တိုက်တွန်းထားပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တို့ တိုက်ပွဲဖြစ်

အောက်တိုဘာ ၃၀၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ ချင်းတော်လှန်ရေးတပ်ဘက်က တစ်ဦး ...

ဆက်ဖတ်ရန်