Hakha City Bus အရှုံးပေါ်ပေမယ့် ဆက်လက်ပြေးဆွဲမယ်

ဟားခါးမြို့တွင်းနဲ့ ၂၀၁၅ ခုနှစ်သဘာဝဘေးဒဏ်ကြောင့်ဟားခါးမြို့သစ်ချဲ့ထွင်းရပ်ကွက်မှာနေထိုင်သူတွေတွက် ပြေးဆွဲတဲ့ Hakha City Bus ဟာ လက်ရှိအရှုံးပေါ်ပေမယ့် ဆက်လက်ပြေးဆွဲမယ်လို့ HBA(ဟားခါးနှစ်ခြင်းအသင်း)လူငယ်ဌာနအတွင်းရေးမှူးကပြောပါတယ်။

လက်ရှိ Hakha City Bus ယာဉ်လိုင်းဟာ နံနက် ၇ နာရီတွင် တစ်ကြိမ်၊ နံနက် ၈ နာရီတွင် တစ်ကြိမ်၊ ၁၂ နာရီတွင် တစ်ကြိမ်၊ ၃ နာရီတွင် တစ်ကြိမ်၊ ၄ နာရီတွင် တစ်ကြိမ်တစ်နေ့ငါးကြိမ် ပေးဆွဲနေပါတယ်။ ယာဉ်စီးခကို တစ်ယောက်(၅၀၀)ကျပ်သတ်မှတ်ပြီး ကျောင်းသူ၊သားတွေကတော့ တစ်ယောက်(၂၀၀)ကျပ်ကောက်ခံပါတယ်။ ယာဉ်စီးခကောက်ခံမှုကနေ တစ်နေ့မှာ အနည်းဆုံး သုံးသောင်းမှ အများဆုံး ကိုးသောင်းထိရရှိပါတယ်။

Hakha City Bus ပေါ်ခရီးသည်တစ်ယောက်အားတွေ့ရစဉ်(Photo: Khual Suante)

HBA(ဟားခါးနှစ်ခြင်းအသင်း)လူငယ်ဌာနအတွင်းရေးမှူး ပါစတာဗန်တလီန်ထန်က “ဘစ်စကားခက ယာဉ်မောင်းနဲ့ဓာတ်ဆီဖိုးမှာကုန်သွားတယ်။ ကားပျက်လို့ပြန်ပြင်ဖို့မကျန်တော့ဘူး။ ဒါပေမယ့် ကျနော်တို့က အမြတ်ရဖို့ကားပြေးဆွဲတာမဟုတ်ဘဲ ပြည်သူလူထုသွားလာရေးအဆင်ပြေအောင်ဝန်ဆောင်မှုပေးတာဆိုတော့ ယာဉ်လိုင်းရပ်နားမှာမဟုတ်ဘူး”လို့ပြောပါတယ်။

Hakha City Bus ဟာ အမေရိကန်ရောက် ချင်းအသင်းတော်အဖွဲ့အစည်းဖြစ်တဲ့ CBCUSA ရဲ့အကူအညီနဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကစပြီး ကားနှစ်စီးနဲ့စတင်ပြေးဆွဲပါတယ်။ ဒါပေမယ့် လိုင်းကားစီးသူနည်းပါးတာကြောင့် ခုချိန်မှာ လိုင်းကားတစ်စီးပဲပြေးဆွဲနေပါတယ်။

ရပ်နားထားတဲ့ ဘစ်ကားတစ်စီးကို အငှားလိုက်ပြီး မြို့တွင်းတစ်ခေါက်ခရီးမှာ လေးသောင်းကျပ်နဲ့ အငှားလိုက်ပါတယ်။

“ဒီအငှားလိုက်တဲ့ ကားနဲ့ပဲ လိုင်းကားအတွက်လိုငွေတွေကို ပြန်ဖြည့်ပေးပါတယ်”လို့ ပါစတာဗန်တလီန်ထန်ကဆက်လက်ပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီကြောင့် လေးနှစ်ကျော်အတွင်း မသန်စွမ်း ၁၁၇ ဦး သေဆုံး

အောက်တိုဘာ ၂၅၊ ၂၀၂၅ Zalen အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတစ်၀န်းက မသန်စွမ်းသူ စုစုပေါင်း ၁၁၇ ယောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ ၂၀၂၁ ...

ဆက်ဖတ်ရန်