KCC က သမ္မကျမ်းစာနေ့မှာ လူငယ်သံစုံသီချင်းဆိုပြိုင်ပွဲကျင်းပမယ်

ကလေးမြို့နယ်အတွင်းရှိ အသင်းတော်ပေါင်းစုံပါဝင်သော ကလေးနယ်အသင်းတော်များကော်စီ(KCC)ကဦးဆောင်ပြီး သမ္မကျမ်းစာနေ့မှာ (၁၃)ကြိမ်မြောက်လူငယ်သံစုံသီချင်းဆိုပြိုင်ပွဲကျင်းပမှာဖြစ်ပါတယ်။

သြဂုတ်လ(၁၉)ရက် ညနေ(၂)နာရီမှာ ကလေးမြို့ စတောမ်(Satawm)ရပ်ကွက်ရှိ ကာစင်နှစ်ခြင်းဘုရားကျောင်းမှာပြိုင်ပွဲကျင်းပမယ်။

KCC လူငယ်ဌာနမှာ အဖွဲ့ဝင်(၂၀)ကျော်ရှိပြီး ပြိုင်ပွဲကို အဖွဲ့ A,B,C,D,E,F ဆိုပြီးခွဲမှာဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ကို performance နဲ့တွဲပြီးယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပထမဆုကြေးအတွက် တစ်သိန်း၊ ဒုတိယဆုကြေး ခုနစ်သောင်း၊ တတိယဆုကြေး ငါးသောင်းနဲ့ ပြိုင်ပွဲဝင်တဲ့အဖွဲ့အားလုံးကို တစ်သောင်းစီဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်