KCC က သမ္မကျမ်းစာနေ့မှာ လူငယ်သံစုံသီချင်းဆိုပြိုင်ပွဲကျင်းပမယ်

ကလေးမြို့နယ်အတွင်းရှိ အသင်းတော်ပေါင်းစုံပါဝင်သော ကလေးနယ်အသင်းတော်များကော်စီ(KCC)ကဦးဆောင်ပြီး သမ္မကျမ်းစာနေ့မှာ (၁၃)ကြိမ်မြောက်လူငယ်သံစုံသီချင်းဆိုပြိုင်ပွဲကျင်းပမှာဖြစ်ပါတယ်။

သြဂုတ်လ(၁၉)ရက် ညနေ(၂)နာရီမှာ ကလေးမြို့ စတောမ်(Satawm)ရပ်ကွက်ရှိ ကာစင်နှစ်ခြင်းဘုရားကျောင်းမှာပြိုင်ပွဲကျင်းပမယ်။

KCC လူငယ်ဌာနမှာ အဖွဲ့ဝင်(၂၀)ကျော်ရှိပြီး ပြိုင်ပွဲကို အဖွဲ့ A,B,C,D,E,F ဆိုပြီးခွဲမှာဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ကို performance နဲ့တွဲပြီးယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပထမဆုကြေးအတွက် တစ်သိန်း၊ ဒုတိယဆုကြေး ခုနစ်သောင်း၊ တတိယဆုကြေး ငါးသောင်းနဲ့ ပြိုင်ပွဲဝင်တဲ့အဖွဲ့အားလုံးကို တစ်သောင်းစီဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ် တစီးကို ဓာတ်ဆီ တသောင်းဖိုးသာ ရောင်းချ

မတ် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဓာတ်ဆီ ဈေးတွေတက်လာပြီး စက်သုံးဆီ‌ဆိုင်တွေမှာ အကန့်သတ်နဲ့သာ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၈ထောင်ကျော်အထိ ဈေးတက်နေပြီး ဆိုင်ကယ်တွေကို တစီးကို တသောင်းဖိုးပဲ ...

ဆက်ဖတ်ရန်