MCCက အသင်းတော်များကို သမ္မတရုံးကပန်ကြားချက်အတိုင်းလိုက်နာကြရန်နဲ့ဆုတောင်းပေးကြရန် တိုက်တွန်း

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကော်စီ (MCC)က မတ်လ (၁၃)ရက်တွင် နိုင်ငံတော်သမ္မတရဲ့ ပန်ကြားချက်အတိုင်း လိုက်နာပေးကြရန် နဲ့ ဆုတောင်းခြင်းဖြစ် ပါဝင်ကြရန် အသင်းတော်နဲ့ အဖွဲ့အစည်းများကို မေတ္တာရပ်ခံကြောင်း မတ်လ (၁၃)ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ယင်းစာထဲတွင် ခရစ်ယာန်အသင်းတော်များနှင့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ ပြည်သူသို့ ပန်ကြားချက်အတိုင်း ဦးဆောင်လိုက်နာပေးပါရန် နဲ့ အထူးသဖြင့် ဤကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) ဖြစ်ခြင်းမှ ကင်းဝေးစေရန်နဲ့ အချိန်မှီတားဆီးကာကွယ်နိုင်ရန် ဆုတောင်းခြင်း၊ နိုင်ငံသားကောင်းပီသစွာ ဦးဆောင်ပါဝင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာ အသင်းတော်နဲ့ အဖွဲ့အစည်းများဟာအဓိက နွေရာသီကာလတွင် သင်းလုံးကျွတ်အစည်းအဝေးများ၊ ကလေး၊ လူငယ်၊ အမျိုးသမီးဆိုပြီး ကဏ္ဍအလိုက်သင်တန်းနဲ့ ညီလာခံများကျင်းပလျက်ရှိပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ပန်ကြားချက်ထဲတွင် COVID-19 ဟာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမားရေးအဖွဲ့က မတ်လ (၁၁)ရက်က သတ်မှတ်ကြေညာကြောင်း၊ ဒါကြောင့် လူစုလူဝေးဖြင့်ကျင်းပတဲ့ အခမ်းအနား၊ ပွဲလမ်းသဘင်များကို ဧပြီ (၃၀)ရက်အထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရန် လို့ဖော်ပြထားပါတယ်။

တီးတိန်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ကလည်း နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ကြောင့် မတ်လ (၁၈)ရက်မှ (၂၃)ရက်အထိ ကျင်းပမယ့် သင်းလုံးကျွတ်အစည်းအဝေးနဲ့ အုပ်ချုပ်စီမံအစည်းအဝေးများကို ဆိုင်းငံ့ထားကြောင်း မတ်လ (၁၃)ရက်က ယင်းအဖွဲ့ချုပ်ရဲ့အဖွဲ့ဝင် အသင်းတော်တွေထံစာပေးပို့ထားပါတယ်။

တီးတိန်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (TBC) ရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ Vungh Suan Mung က “အစည်းအဝေးအတွက် အားလုံးလည်းပြင်ဆင်ထားပြီ။ ဒါပေမယ့် မနေ့ညက သမ္မတရုံးကြေညာချက်ကြောင့် နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ ကျန်းမာရေးကို ကြိုတင်ကာကွယ်ခြင်းအားဖြင့် အစည်းအဝေးက လုပ်လို့ရှိရင် လူက နှစ်ထောင် သုံးထောင်လောက်လာမယ်ဆိုတော့ အဲ့ဒါကို ရွေ့ဆိုင်းလိုက်တဲ့သဘောဖြစ်တယ်။ အစိုးရရဲ့ထုတ်ပြန်ချက်ထဲမှာလည်း လိုအပ်ရင် ရက်ကို ထပ်တိုးမြှင့်ဖို့ရှိတယ်ဆိုတော့ ဘယ်ချိန်ပြန်ကျင်းပမယ်ဆိုတာ ဧပြီလကုန်ကျင်ပြောလို့ရမယ်” လို့ပြောပါတယ်။

(Zawgyi)

MCCက အသင္းေတာ္မ်ားကို သမၼတ႐ုံးကပန္ၾကားခ်က္အတိုင္းလိုက္နာၾကရန္နဲ႔ဆုေတာင္းေပးၾကရန္ တိုက္တြန္း

ျမန္မာႏိုင္ငံခရစ္ယာန္အသင္းေတာ္မ်ားေကာ္စီ (MCC)က မတ္လ (၁၃)ရက္တြင္ ႏိုင္ငံေတာ္သမၼတရဲ႕ ပန္ၾကားခ်က္အတိုင္း လိုက္နာေပးၾကရန္ နဲ႔ ဆုေတာင္းျခင္းျဖစ္ ပါဝင္ၾကရန္ အသင္းေတာ္နဲ႔ အဖြဲ႕အစည္းမ်ားကို ေမတၱာရပ္ခံေၾကာင္း မတ္လ (၁၃)ရက္ေန႔က ထုတ္ျပန္လိုက္ပါတယ္။

ယင္းစာထဲတြင္ ခရစ္ယာန္အသင္းေတာ္မ်ားႏွင့္ အဖြဲ႕အစည္းမ်ားအေနျဖင့္ ႏိုင္ငံေတာ္သမၼတ႐ုံး၏ ျပည္သူသို႔ ပန္ၾကားခ်က္အတိုင္း ဦးေဆာင္လိုက္နာေပးပါရန္ နဲ႔ အထူးသျဖင့္ ဤကမာၻလုံးဆိုင္ရာကပ္ေရာဂါ (Pandemic) ျဖစ္ျခင္းမွ ကင္းေဝးေစရန္နဲ႔ အခ်ိန္မွီတားဆီးကာကြယ္ႏိုင္ရန္ ဆုေတာင္းျခင္း၊ ႏိုင္ငံသားေကာင္းပီသစြာ ဦးေဆာင္ပါဝင္ျခင္းျဖင့္ ပူးေပါင္းေဆာင္႐ြက္ၾကပါရန္လို႔ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံအတြင္းရွိ ခရစ္ယာန္ဘာသာ အသင္းေတာ္နဲ႔ အဖြဲ႕အစည္းမ်ားဟာအဓိက ေႏြရာသီကာလတြင္ သင္းလုံးကြၽတ္အစည္းအေဝးမ်ား၊ ကေလး၊ လူငယ္၊ အမ်ိဳးသမီးဆိုၿပီး က႑အလိုက္သင္တန္းနဲ႔ ညီလာခံမ်ားက်င္းပလ်က္ရွိပါတယ္။

ႏိုင္ငံေတာ္သမၼတရဲ႕ ပန္ၾကားခ်က္ထဲတြင္ COVID-19 ဟာ ကမာၻလုံးဆိုင္ရာကပ္ေရာဂါအျဖစ္ ကမာၻ႔က်န္းမားေရးအဖြဲ႕က မတ္လ (၁၁)ရက္က သတ္မွတ္ေၾကညာေၾကာင္း၊ ဒါေၾကာင့္ လူစုလူေဝးျဖင့္က်င္းပတဲ့ အခမ္းအနား၊ ပြဲလမ္းသဘင္မ်ားကို ဧၿပီ (၃၀)ရက္အထိ က်င္းပခြင့္မျပဳဘဲ ရပ္ဆိုင္းထားရန္ လို႔ေဖာ္ျပထားပါတယ္။

တီးတိန္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ကလည္း ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ ထုတ္ျပန္ခ်က္ေၾကာင့္ မတ္လ (၁၈)ရက္မွ (၂၃)ရက္အထိ က်င္းပမယ့္ သင္းလုံးကြၽတ္အစည္းအေဝးနဲ႔ အုပ္ခ်ဳပ္စီမံအစည္းအေဝးမ်ားကို ဆိုင္းငံ့ထားေၾကာင္း မတ္လ (၁၃)ရက္က ယင္းအဖြဲ႔ခ်ဳပ္ရဲ႕အဖြဲ႔ဝင္ အသင္းေတာ္ေတြထံစာေပးပို႔ထားပါတယ္။

တီးတိန္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ (TBC) ရဲ႕ အေထြေထြအတြင္းေရးမႉး သိကၡာေတာ္ရဆရာ Vungh Suan Mung က “အစည္းအေဝးအတြက္ အားလုံးလည္းျပင္ဆင္ထားၿပီ။ ဒါေပမယ့္ မေန႔ညက သမၼတ႐ုံးေၾကညာခ်က္ေၾကာင့္ ႏိုင္ငံသားေကာင္းတစ္ေယာက္အေနနဲ႔ က်န္းမာေရးကို ႀကိဳတင္ကာကြယ္ျခင္းအားျဖင့္ အစည္းအေဝးက လုပ္လို႔ရွိရင္ လူက ႏွစ္ေထာင္ သုံးေထာင္ေလာက္လာမယ္ဆိုေတာ့ အဲ့ဒါကို ေ႐ြ႕ဆိုင္းလိုက္တဲ့သေဘာျဖစ္တယ္။ အစိုးရရဲ႕ထုတ္ျပန္ခ်က္ထဲမွာလည္း လိုအပ္ရင္ ရက္ကို ထပ္တိုးျမႇင့္ဖို႔ရွိတယ္ဆိုေတာ့ ဘယ္ခ်ိန္ျပန္က်င္းပမယ္ဆိုတာ ဧၿပီလကုန္က်င္ေျပာလို႔ရမယ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

ကလေးမြို့ မော်လိုက်အကျဥ်းထောင်တွင်း ဖြိုခွင်းခံရခြင်း(၃)နှစ်ပြည့်

ရဲဝံ့သူ ရေးသည်။ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်အတွင်း ဖိနှိပ်မှုကို အဓိက အုပ်ချုပ်ရေးမဏ္ဏိုအဖြစ် အသုံးပြုခြင်းကြောင့် အရေးပေါ် ကိစ္စအဖြစ် ထိမ်းသိမ်းခံ အချုပ်သား ဗန်ဒိမ်း ဦးဆောင်သည့်အဖွဲ့များမှ ဆန္ဒထုတ်ဖော်မှုကြောင့် လူမဆန်စွာ ဖြိုခွင်းခံရပြီး အကျဥ်းသား ...

ဆက်ဖတ်ရန်