Mizzima ဝန်ထမ်းဟောင်း ချင်းတိုင်းရင်းသားတစ်ဦး ဖမ်းဆီးခံရပြီး ခုထိအဆက်အသွယ်မရသေး

Mizzima သတင်းမီဒီယာဝန်ထမ်းဟောင်း ပလက်ဝမြို့နယ် ဆမီးမြို့သား ကိုဂျိမ်းပုထုံဟာ ဧပြီ ၈ ရက်ညက အကြမ်းဖက်စစ်တပ်က သန်လျင်မြို့နေအိမ်တွင် ဖမ်းဆီးခံရတယ်လို့သတင်းရရှိပါတယ်။

ပလက်ဝမြု့သားတစ်ဦးက “သူက အိန္ဒိယမှာကျမ်းစာကျောင်းပြီးတော့ ရန်ကုန်ဆင်းလာပြီး Mizzima မီဒီယာမှာ Admin ပိုင်ဝင်လုပ်တယ်။ သူ့မိဘတွေက ဆမီးမြို့မှာနေတာ။ သူတစ်ယောက်ထဲပဲ ရန်ကုန်မှာနေတယ်။ အဲ့မှာလုပ်လာတာ ၄ နှစ်လောက်ကြာမယ်။ ဘာကြောင့်ဖမ်းတာလဲ၊ ဘယ်မှာထိန်းသိမ်းတာလဲဆိုတာ ခုထိမသိရသေးဘူး” လို့ပြောပါတယ်။

ကိုဂျိမ်းပုထုံဟာ အသက် (၂၇)နှစ်ခန့်ရှိပြီး ၎င်းနဲ့အတူ Mizzima မီဒီယာကို ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်လည်းဖမ်းဆီးခြင်းခံရပါတယ်။

Mizzima မီဒီယာကလည်း ၎င်းတို့ နှစ်ဦးဟာ စစ်အာဏာသိမ်းပြီးနောက် အလုပ်မှ တရားဝင်နှုတ်ထွက်ကြပြီလို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက လမ်းတွေပိတ်ထားလို့ ကလေးမြို့နယ်က စစ်ရှောင်တွေ အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၂၂၊ ၂၀၂၅Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ကလေးမြို့ပေါ်နဲ့ ကျေးရွာတွေကို ဆက်သွယ်ထားတဲ့လမ်းမကြီးတွေကို ပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလကတည်းက အင်အားသုံးပြီး ကလေးတောင်ပိုင်းနဲ့ မြောက်ပိုင်းက ...

ဆက်ဖတ်ရန်