NLD သာသနာရေးဝန်ကြီး သူရဦးအောင်ကို လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းနဲ့ လွှတ်မြောက်လာ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် – ၁၂ နှစ်ချမှတ်ထားတဲ့ NLD သာသနာရေးဝန်ကြီး သူရဦးအောင်ကို စစ်ကောင်စီက လွှတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စိန်ရတုနှစ်ပတ်လည် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဒီနေ့ ဇန်နဝါရီ (၄) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တည်းက NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ သူရဦးအောင်ကို ကိုစစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၅ နဲ့ အမှု ၄ ခုစွပ်စွဲခဲ့တာပါ။

အဲ့ဒီ အဂတိလိုက်စားမှု ၄ ခုနဲ့ တရားစွဲဆိုပြီး တစ်မှုအတွက် ထောင်ဒဏ် ၄ နှစ်စီကျခံဖို့ ချမှတ်ခဲ့တာက စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့တာဖြစ်ပေမယ့် ၁ နှစ်မပြည့်ခင်မှာပဲ အခုလို လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်