NUG မှဖမ်းဆီးထားတဲ့ သိန်းပေါင်းတသိန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးများကို မီးရှို့ဖျက်ဆီး

ဇန်နဝါရီ ၃၀၊ ၂၀၂၆
Zalen

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) စိုးမိုးအုပ်ချုပ်တဲ့နယ်မြေအတွင်း ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်များမှ ဖမ်းဆီးရမိသော သိန်းပေါင်း တသိန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ ဇန်နဝါရီလ ၂၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို အုပ်ချုပ်ရေးနယ်မြေ တနေရာမှာ ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့နဲ့အတူ ဒေသခံပြည်သူများ၊နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့များနဲ့ ပအဖ၊ပကဖ၊ပလဖ ရဲဘော်များ တက်ရောက်ကြတယ်လို့ ဆိုပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ ၆၅၄၅ခွက်နဲ့ WY စိတ်ကြွဆေးပြား ၄,၆၇၂,၀၀၀ပြား ဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း တသိန်းခန့် ရှိတယ်လို့ ဆိုပါတယ်။

Zalen ad

ဘိန်းဖြူများကို မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဖမ်းဆီးကာ အမျိုးသားညီညွတ်ရေးအစိုးရထံ အပ်နှံခဲ့ခြင်းဖြစ်ပြီး ကျန် WYစိတ်ကြွဆေးပြားများကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါမူးယစ်ဆေးဝါးများ သယ်ဆောင်မှုနဲ့ပတ်သက်တဲ့ တရားခံများကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

သတင်း – Mickey

ဓာတ်ပုံ – NUG

#NUG#မူးယစ်ဆေး#မီးရှို့#Zalen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက မတူပီ ကို ဂျက်ဖိုက်တာ နှစ်စီး နဲ့ လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်

မတ် ၁၃၊၂၀၂၆ Zalen ချင်းပြည်နယ် ၊ မတူပီမြို့‌ကို စစ်ကောင်စီ လေတပ်က ဒီကနေ့ မတ်လ ၁၃ ရက် နေ့ မှာ ဂျက်ဖိုက်တာ ၂စီး နဲ့ လေကြောင်းက‌ေန ၃ ကြိမ် ...

ဆက်ဖတ်ရန်