NUG နဲ့ SRA တို့ တွေ့ဆုံပြီးအဓိကအချက် သုံးချက်ဆွေးနွေး

ဖေဖော်ဝါရီ  ၂၈၊ ၂၀၂၆

Zalen

Zalen ad

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) နဲ့  နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့  ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လည် ၂ နာရီမှာ Zoom Platform ကနေတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဓိက အချက်သုံးချက်ကိုဆွေးနွေးခဲ့ကြကြောင်း NUG နဲ့ SRA တို့က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါအစည်းအဝေးမှာ မူဝါဒအပေါ်အပြန်အလှန်ဆွေးနွေးပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်များ နဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာတွေကို ရင်းနှီးပွင့်လင့်စွာ ဆွေးနွေးခဲ့တယ်လို့ NUGနဲ့ SRAက ထုတ်ပြန်ထားကြ ပါတယ်။

အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့တက်ရောက်ခဲ့ကြပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)မှ ခေါင်းဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြတယ်လို့ဆိုပါ တယ်။

အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ SRA ဦးဆောင်ကော်မတီဝင် ဆလိုင်းဝီလျံချင်းတို့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဦးရည်မွန်က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနနဲ့ဆက်လက် တွေ့ဆုံဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ အစည်းအဝေးကို ညနေ(၄း၄၅) နာရီ အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြတယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ကို စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ပေါ်ပေါက်လာတဲ့ ချင်းညီနောင် ( CB ) ၊ ကရင်နီအများသားကာကွယ်ရေးတပ် ( KNDF ) နဲ့ မောင်ဆောင်းခ ဦးဆောင်တဲ့ BPLA  တို့အပါဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ ပူးပေါင်းပြီး ပြန့်ကြဲနေတဲ့အင်အားစုကိုစုစည်းပြီး ထိရောက်တဲ့ စစ်ဆင်ရေး တွေပြုလုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်မှာဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-NUG Page

#NUG #SRA #ဆွေးနွေး#Zalen

နောက်ဆုံးရသတင်းများ

သံလွင်နဲ့ မိုလိုမြစ်ဝှမ်းတလျှောက် အာဆင်းနစ်အန္တာရာယ် ကျရောက်နေပြီး ရေနဲ့ ငါးတွေကို လုံးဝ မစားသုံးဖို့ သတိပေး

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ Zalen ကရင်နီ(ကယား) ပြည်နယ်အတွင်း စီးဆင်းနေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းတလျောက် အာဆင်းနစ်အန္တာရာယ် ကျရောက်နေပြီး ရေနဲ့ ငါးတွေကို လုံးဝ မစားသုံးဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထုတ်ပြန်လိုက်ပါတယ်။ သံလွင်မြစ်နဲ့ ...

ဆက်ဖတ်ရန်