One Championship မှာမြန်မာပြည်ကိုယ်စားပြုထိုးမယ့် ချင်းတိုင်းရင်းသား မတ်လ(၂)ရက် ရန်ကုန်ရောက်မယ်

 

One Championship မှာမြန်မာပြည်ကိုယ်စားပြုထိုးမယ့် ချင်းတိုင်းရင်းသား မတ်လ(၂)ရက် ရန်ကုန်ရောက်မယ်

ရန်ကုန် သုဝဏ္ဍအားကစားရုံမှာ မတ်လ(၈)ရက်နေ့မှာကျင်းပမယ့် One Championship ပြိုင်ပွဲ ပေါင် ၁၅၀ တန်မှာ မြန်မာပြည်ကိုယ်စားပြုယှဉ်ပြိုင်မယ့် ချင်းတိုင်းရင်းသား တီရယ်ထန်(Tial Thang Zathang)ဟာ မတ်လ(၂)ရက် နံနက်ပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိတော့မှာဖြစ်ပါတယ်။
သူဟာ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ဆီမှာ နှစ်နှစ်ကြာသင်တန်းတက်ပြီး ဒီပွဲဟာ သူ့ရဲ့ပွဲဦးထွက်ပွဲဖြစ်ပါမယ်။ သူနဲ့ထိုးသတ်မယ့် ပြိုင်ဖက်ကတော့ ကမ္ဘောဒီးယားလက်ဝှေ့သမား Rin Sorthဖြစ်တယ်။

Zalen ad

တီရယ်ထန်ဟာ အသက်(၂၆)နှစ်သာရှိပြီး အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ နေထိုင်ပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့သစ်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ တီရယ်ထန်ဟာ အသက် ၁၀ နှစ်အရွယ်မှာ မြန်မာနိုင်ငံကနေ မလေးရှားကို မိသားစုနဲ့အတူ ထွက်လာခဲ့ပြီးနောက် ၂၀၀၇ခုနှစ် အသက် (၁၄)နှစ်အရွယ်မှာ အမေရိကန်ပြည်ထောင်စု နယူးရောက်မှာ ချင်းဒုက္ခသည်တွေအဖြစ် ရွှေ့ပြောင်း အခြေချခွင့်ရခဲ့ပါတယ်လို့ VOA သတင်းကဖော်ပြထားပါတယ်။

“ အခုလာမယ့် One Championship မတ်လ ၁ ရက်နေ့မှာပြိုင်ဖို့ ကျနော်အဆင်သင့်ဖြစ်ပြီ။ training တွေလည်း ကောင်းကောင်းလုပ်ထားတယ်။ အခု ကျနော်နဲ့ ထိုးတဲ့ တယောက်လည်း ထိုးတာ အရမ်းကျွမ်းတယ်။ သူ ကျနော်တို့ မြွေထိုင်းဆိုတဲ့ဟာမှာ ၁၀၀ ကျော်တောင်နိုင်ဖူးတယ်။ ဆိုတော့ ကျနော်က နပန်းလည်း ငယ်ငယ်ကတည်းက လုပ်ထားတယ်ဆိုတော့ ကျနေ်ာက နပန်းးဘက်မှာ အားသာမယ်လို့ထင်တယ်။ ပြီးရင် ကျနော်သူ့ကို နပန်းလုံးပြီးတော့ ထိုးမှာပေါ့နော်။”လို့ တီရယ်ထန်က VOA ကိုပြောပါတယ်။

တီရယ်ထန်ဟာ အမေရိကန်ပြည်ထောင်စု MMA ပွဲစဉ်တချို့မှာလည်း ပါဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့ပါတယ်။ စုစုပေါင်း ရှစ်ပွဲရှိခဲ့ပြီး လေးပွဲနိုင်၊ သုံးပွဲရှုံးနဲ့ တပွဲက သရေရထားပါတယ်။

နောက်ဆုံးရသတင်းများ

လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ဒရုန်း အသုံးပြုပြီး ရှာဖွေရာ ဘိန်းစိုက်ပျိုးသူနှစ်ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆ Zalen မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဘိန်းစိုက်ပျိုးသူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများက ဒီကနေ့ဖော်ပြထားပါတယ်။ လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ခရိုင်အတွင်း ဘိန်းစိုက်ခင်းရှိကြောင်း တိုင်ကြားချက်လက်ခံရရှိပြီးနောက် ဒရုန်း အသုံးပြုပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ အဆိုပါဘိန်းစိုက်ခင်းကို ...

ဆက်ဖတ်ရန်