PDF နဲ့ဆက်စပ်တယ်ဆိုပြီးကလေးမြို့ဒေသခံ ၅ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ​ကလေးမြို့မှာ ဇွန်၁ ရက်နေကနေ ဇွန် ၁၂ရက်နေ့ထိ ဒေသခံ၅ ဦးကို စစ်ကောင်စီတပ်တွေကဖမ်းဆီးသွား တယ်လို့ မျက်မြင်တွေ့သူတွေနဲ့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ မစုစုဝင်း၊ မသီရီလင်း၊ မမယ်ရီဆန်း၊ ကိုနိုင်ထွေး၊ ကိုပေါင်ဆွမ်းခွာလ်တို့ဖြစ်ပါတယ်။ ဖမ်းဆီး​ခံရသူတွေဟာ နေအိမ်မှာရှိနေချိန်နဲ့လမ်း​မပေါ်မှာ သွားလာနေချိန် စစ်ကောင်စီစစ်ဆေးရေးနဲ့တွေ့ပြီးဖမ်းဆီးခံရတာဖြစ်တယ်လို့ မျက်မြင်​တွေ့သူတွေကပြောပါတယ်။

ဒီလိုဖမ်းဆီးခံရတာဟာ ပြည့်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပံ့သူတွေနဲ့ လူမှုကွန်ယက်မှာ မဟုတ်မမှန်ရေးသားတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီတပ်တွေက​ဖမ်းဆီးသွားတာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေကပြောပါတယ်။

သူတို့အားလုံးကိုစစ်ကောင်စီတပ်တွေက ဒေသကာကွယ်ရေးစစ်ဌာချုပ် (ဒကစ) စစ်ကြောရေးကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ဆိုပါတယ်။

ဒီလိုဖမ်းဆီးခံရတာနဲ့ဒေသခံတဦးက “စစ်ကောင်စီတပ်တွေက လမ်းကြို၊ လမ်းကြားတွေမှာရှောင်တခင်စစ်တယ်။ ကားတွေ၊ ဆိုင်ကယ်တွေတားတယ်၊ ဖုန်းတွေစစ်တယ်။ ပြီးရင်တော့ ဖမ်းတော့တာပဲ။အဓိကကတော့ ပီဒီဖက်နဲ့ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲဖမ်းတာပဲ။ ဖမ်းခံရသူတွေကလူငယ်တွေများတယ်၊ အရပ်သားတွေပါ။ အဓိကတော့စားစရာမရှိလို့ ငွေညစ်ချင်လို့ဖမ်းတာ” လို့ပြောတယ်။

စစ်ကိုင်းတိုင်း ၊ကလေးမြို့ဟာ စစ်ကောင်စီတပ်တွေနဲ့မကြာခဏတိုက်ပွဲ​ဖြစ်ပွားနေပြီတော့ စစ်ကောင်စီတပ်တွေက လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးနေတာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။

Photo-စစ်ကောင်စီဝါဒဖြန့်မီဒီယာမှာတင်ထားတဲ့ဖမ်းဆီးခံရသူများရဲ့ဓါတ်ပုံ

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်