PDF Kalay တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်လို့ အကြမ်းဖက်သမား ၄ ယောက်သေဆုံး၊ ၁၀ ယောက်မက ဒဏ်ရာရ

ကလေးမြို့နယ် တောင်ပိုင်း ကျောက်ဖူးရွာနဲ့ ဒိုးနွယ်ရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို PDF Kalay တပ်ဖွဲ့က ယနေ့ နေ့လည် ၁၂ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်လို့ အကြမ်းဖက် စကစတပ်သား အနည်းဆုံး ၄ ယောက်သေဆုံးပြီး ၁၀ ယောက်ကျော်ဒဏ်ရာရရှိတယ်လို့ People’s Defence Force (Kalay) က ဒီနေ့ စက်တင်ဘာ ၇ ရက်ကထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် ကလေးမြို့အတွင်းရှိ ဒကစ တပ်အတွင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့များ ထိန်းချုပ်နေရာယူထားတဲ့ ရုံးအဆောက်အဦးနေရာအများအပြားကို PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်မှုများပြုလုပ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

PDF Kalay အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အစွမ်းကုန်အရှိန်အဟုန်မြှင့် ချေမှုန်းတိုက်ခိုက်သွားမှာဖြစ်တဲ့တွက် NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်အတွက် ပြည်သူလူထုအနေနဲ့ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်များအတိုင်း ကြိုတင်ပြင်ဆင်ထားကြဖို့လည်း ဆက်လက်တိုက်တွန်းထားပါတယ်။

(Zawgyi)

Zalen ad

PDF Kalay တပ္ဖြဲ႔က မိုင္းဆြဲတုိက္ခိုက္လို႔ အၾကမ္းဖက္သမား ၄ ေယာက္ေသဆံုး၊ ၁၀ ေယာက္မက ဒဏ္ရာရ

ကေလးၿမိဳ႕နယ္ ေတာင္ပိုင္း ေက်ာက္ဖူးရြာနဲ႔ ဒိုးႏြယ္ရြာၾကားမွာ အၾကမ္းဖက္စစ္ေကာင္စီတပ္စစ္ေၾကာင္းကို PDF Kalay တပ္ဖြဲ႔က ယေန႔ ေန႔လည္ ၁၂ နာရီေလာက္က မိုင္းဆြဲတုိက္ခိုက္လို႔ အၾကမ္းဖက္ စကစတပ္သား အနည္းဆံုး ၄ ေယာက္ေသဆံုးၿပီး ၁၀ ေယာက္ေက်ာ္ဒဏ္ရာရရွိတယ္လုိ႔ People’s Defence Force (Kalay) က ဒီေန႔ စက္တင္ဘာ ၇ ရက္ကထုတ္ျပန္ထားပါတယ္။

ဒါ့ျပင္ ကေလးၿမိဳ႕အတြင္းရွိ ဒကစ တပ္အတြင္းအပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႔မ်ား ထိန္းခ်ဳပ္ေနရာယူထားတဲ့ ရံုးအေဆာက္အဦးေနရာအမ်ားအျပားကို PDF (Kalay) တပ္ဖြဲ႕ဝင္မ်ားက မိုင္းခြဲတိုက္ခိုက္မႈမ်ားျပဳလုပ္တယ္လုိ႔လည္း ထုတ္ျပန္ထားပါတယ္။

PDF Kalay အေနျဖင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႔ကို အစြမ္းကုန္အရွိန္အဟုန္ျမွင့္ ေခ်မႈန္းတိုက္ခိုက္သြားမွာျဖစ္တဲ့တြက္ NUG အစိုးရရဲ႕ လူသားခ်င္းစာနာေထာက္ထားေရးႏွင့္ ေဘးအႏၱရာယ္အတြက္ ျပည္သူလူထုအေနနဲ႔ ၾကိဳတင္ျပင္ဆင္ထားရမယ့္ အခ်က္မ်ားအတုိင္း ၾကိဳတင္ျပင္ဆင္ထားၾကဖုိ႔လည္း ဆက္လက္တုိက္တြန္းထားပါတယ္။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်