Telenor 4G ရတဲ့နေရာတိုင်းမှာ အကန့်သတ်မဲ့ အင်တာနက်သုံးလို့ရပြီ

Telenor 4G ရရှိတဲ့ နေရာတိုင်းမှာ အကန့်သတ်မဲ့ အင်တာနက်ဝန်ဆောင်မှုဝယ်ယူနိုင်ပြီလို့သိရပါတယ်။

ပထမဆုံး 5Mb ရက်(၉၀)ကို ၇၅,၀၀၀ ကျပ်နဲ့ဝယ်ယူရမှာဖြစ်ပြီး ယင်းကာလသတ်မှတ်ချက်ပြီးပါက မိမိကြိုက်နှစ်သက်တဲ့ အနည်းဆုံး ၃ Mbကို ရက်(၃၀)အတွက် သုံးသောင်းကျပ်နဲ့ 5Mb ကိုရက်(၃၀)မှာ ၄၅,၀၀၀ ကျပ်နဲ့လည်းဝယ်ယူနိုင်ပါတယ်။

လက်ရှိ ချင်းပြည်နယ်မှာ မင်းတပ်နဲ့ဟားခါးမြို့တွေမှာ Telenor 4G ရရှိနေပြီဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ ဖလမ်းနဲ့ ထန်တလန်မြို့မှာလည်း 4G တပ်ဆင်တော့မယ်လို့သိရပါတယ်။ ကလေးမြို့နဲ့အနီးတစ်ဝိုက်မှာ Telenor 4G ရရှိပါပြီ။

Telenor Boradband ကိုဝယ်ယူလိုပါက https://broadband.telenor.com.mm/ မှာကြည့်ရှုနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

တစ်နှစ်အတွင်း မြဝတီကျားဖြန့် ကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်

၉၊ ဇူလိုင်၊ ၂၀၂၅Zalen ၂၀၂၄ ဇူလိုင် ကနေ ၂၀၂၅ ဇူလိုင်အထိ တစ်နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တွေကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက ...

ဆက်ဖတ်ရန်