The Youth Force -ဆော၊ ကျောက်ထုအဖွဲ့မှ ရဲဘော်နှစ်ဦး လက်လုပ်လက်နက်ကြီး စမ်းသပ်ရင်း ထိခိုက်ဒဏ်ရာရရှိ

မကွေးတိုင်း၊ ဆောမြို့နယ်အခြေစိုက် The Youth Force – Saw & Kyaukhtu အဖွဲ့မှ ရဲဘော်နှစ်ဦးဟာ လက်လုပ်လက်နက်ကြီးစမ်းသပ်ထုတ်လုပ်ရင်း ဇူလိုင် ၁၅ ရက်က ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

The Youth Force -Saw&Kyaukhtu အဖွဲ့တာဝန်ရှိသူက”အသက်အန္တရာယ်တော့မစိုးရိမ်ရပါဘူးဗျ။ ပစ်တဲ့တစ်ယောက်ကတော့ ပါးရိုး၊ နားရယ် ခေါင်းရယ် လက်ရယ်ထိသွားတာ ပေါ့နော်။ နောက်ကဗွီဒိယိုရိုက်တဲ့ ရဲဘော်တစ်ယောက်ကတော့ ခြေထောက်ကို ထိတာ ခြေမကျိုးသွားတယ်” လို့ပြောပါတယ်။

ဒဏ်ရာပြင်းထန်တဲ့လူနာကို ကျန်တဲ့တပ်ဖွဲ့ဝင်တွေက တောင်၊ချောင်းတွေဖြတ်ပြီး ထမ်းစင်ဖြင့်သယ်ကာ ဆေးကုသမယ့်နေရာသို့ ပို့ဆောင်ခဲ့ကြပါတယ်။

The Youth Force -Saw & Kyaukhtuအဖွဲ့ တာဝန်ရှိသူက “အဓိကကတော့ လက်နက်ခဲယမ်းလိုအပ်တယ်။ ကျွန်တော်တို့မှာ အမှန်အကန်လက်နက် ရှိမယ်ဆိုရင် ဒီလိုမျိုးတွေ အန္တရာယ်များတဲ့ လက်လုပ်လက်နက်တွေကို အန္တရာယ်များမှန်း သိသိကြီးနဲ့ စမ်းသပ်ပြီးမှ အသုံးပြုစရာလည်း မလိုတော့ဘူး။ လက်နက်ကောင်းကောင်း တွေကိုကိုင်ပြီးမှ စစ်ကောင်စီကို ရင်ဆိုင်မယ်ဆိုလို့ရှိရင် ပိုပြီးထိရောက်မှုလည်းများမယ်။ ပိုပြီးတော့မှ စိတ်ဓာတ်ခွန်အား မြှင့်တင်နိုင်မယ်။ ပြီးတော့ ရဲဘော်တွေလည်း အသက်မပေးသင့် ဒဏ်ရာမရသင့်ဘဲ ရနေတဲ့အဖြစ်ဆိုးတွေလည်း ဖြစ်လာမှာမဟုတ်ဘူးပေါ့” လို့ ပြောပါတယ်။

Zalen ad

၎င်းတို့အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေဟာ ၃ လအတွင်း တိုက်ပွဲ ၁၀ ကြိမ်လောက်ဖြစ်ပွားခဲ့ပြီး ၎င်းတို့စခန်းတစ်ခုကိုလည်း စစ်ကောင်စီတပ်ကသိမ်းယူခဲ့ဖူးတယ်လို့သိရတယ်။ ရဲဘော်တွေ လက်နက်ခဲယမ်းမပြည့်စုံလို့ ပြည်သူတွေအကူအညီပေးစေလိုကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။

 

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်