Winner ဆုရှင် အက်စတာ အပါအဝင် Top 11 ဝင်အားလုံးကို ဟားခါးမြို့သို့လာရောက်ဖို့ ဖိတ်ခေါ်

Myanmar Idol Season 4 ရဲ့ Winner ဆုရှင် အက်စတာ ဒေါ့ချင်းဆုမ်း အပါအဝင် Top 11 ဝင်အားလုံးကို ဟားခါးမြို့သို့လာရောက်ဖို့ဖိတ်ခေါ်ပြီး မြို့မိမြို့ဖကိုယ်တိုင်ဦးဆောင်ကာ ကြိုဆိုရန်စီစဉ်နေကြကြောင်းသတင်းရရှိပါတယ်။

၎င်းတို့ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃)ရက် မှ (၈)ရက် ဟားခါးမြို့သို့ရောက်နိုင်မယ်လို့ယူဆရပါတယ်။ ဒါပေမယ့် Top 11 ပြိုင်ပွဲဝင်တွေအားလုံး ဟားခါးမြို့သို့လိုက်လာနိုင်မလာဆိုတာ မသေချာသေးပါ။

ဟားခါးမြို့မှ အက်စတာတို့ကို ကြိုဆိုမယ့်ကိစ္ဒနဲ့ပတ်သက်ပြီး ဒီနေ့ ဟားခါးမြို့ CACC စာပေရုံးမှာအစည်းအဝေးပြုလုပ်ကြပါတယ်။

Zalen ad

ပြိုင်ပွဲဝင်များသာမက ပြိုင်ပွဲစီစဉ်သူတွေနဲ့ ပြိုင်ပွဲ Sponsor တွေကိုလည်းဖိတ်ခေါ်ဖို့ဆုံးဖြတ်ထားပါတယ်။

Esther နဲ့ Top 11 ပြိုင်ပွဲဝင်တွေကို ကြိုဆိုဖို့အစီအစဉ်ကြောင်းဆွေးနွေးကြတဲ့ ဟားခါးမြို့လူကြီးများအားတွေ့ရစဉ်

အက်စတာ နဲ့ ပြိုင်ပွဲဝင်တွေဟာ ကလေးမြို့ဘက်ကနေတက်လာမှာဖြစ်ပြီး ဟားခါးမြို့အဝင်ကနေ မြို့မိမြို့ဖ နဲ့ ဦးဆောင်ကော်မတီတွေကကြိုဆိုပြီး မြို့တွင်းရှိ ဝမ္မသူးမောင်းအားကစားကွင်းတွင် ဒေသခံလူထုကသောင်သောင်ဖျဖျကြိုဆိုကြမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်