Zalen Fact Check Methodology

Zalen Media သည် စတင်တည်ထောင်ခဲ့သည့်နှစ် ၂၀၁၇ မှ စတင်၍ သတင်း နှင့် မီဒီယာကျင့်ဝတ်များကို လိုက်နာပြီး တိကျမှု ၊ သတင်းအရင်းအမြစ် ခိုင်လုံမှု နှင့် ပွင့်လင်းမြင်သာသည့် ပြုပြင် ပြင်ဆင်ချက်များ လုပ်ဆောင်ခဲ့သော မီဒီယာတိုက်တစ်ခု ဖြစ်သည်။

Zalen Media တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဂျာနယ်လစ်များ နှင့် သတင်းပေးပို့သူများအား အောက်ဖော်ပြပါ အချက်အလက်များနှင့် အညီဆောင်ရွက်စေလျက်ရှိသည်။ အောက်ဖော်ပြပါ ကျင့်ဝတ်များနှင့် ဆန့်ကျင်သော (သို့မဟုတ်) ကိုက်ညီမှုမရှိသော ဆောင်ရွက်ချက်များ တွေ့ရှိပါက ပြင်းထန်စွာ အရေးယူခြင်း များ ပြုလုပ်သွားမည်ဖြစ်သည်။

ရည်ရွယ်ချက်

နိုင်ငံရေးအပြောင်းအလဲ နှင့် လူမှုရေး အပြောင်းအလဲများကြောင့် ဖြစ်ပေါ်တတ်သော သတင်းလွဲမှားမှုများ ရှိတတ်သဖြင့် Zalen Media မှ တင်ဆက်သည့် သတင်းများအား အမြဲတစေ စိစစ်ချက်များ ပြုလုပ်ရမည်ဖြစ်သည်။

ကျင့်ဝတ်  

၁။ Zalen Media တွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအနေဖြင့် မိမိတို့ ရယူသည့် သတင်းများ၏ တိကျမှန်ကန်မှု ၊ စေ့စပ်သေချာမှုများကို သေချာစိစစ်ပြီးမှသာ သတင်းပေးပို့ရမည်။

၂။  Zalen Media တွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအနေဖြင့် မိမိတို့ ရယူသည့် သတင်းများသည် အခြား မီဒီယာ နှင့် အခြားအဖွဲ့အစည်းများထံမှ မှီငြမ်းထားခြင်း မဖြစ်စေရပါ။

၃။  ပေးပို့လာသည့် သတင်းများသည် ကိုယ်ပိုင်ရေးသားထားသည့်သတင်းဖြစ်ရမည်။

၄။ စစ်ရေး နှင့် နိုင်ငံရေး သတင်းများတွင် စစ်တပ် သော်လည်းကောင်း၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ များကို သော်လည်းကောင်း ဘက်လိုက်ခြင်း မရှိစေရ။

၅။ လက်နက်မဲ့ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ကို အမြဲတစေ ကာကွယ်ရမည်။

၆။ Zalen Media မှ ထုတ်လွှင့်သော သတင်းများသည် လူမျိုးရေး ပဋိပက္ခ၊ နိုင်ငံရေး ပဋိပက္ခ နှင့် ၊ အမျိုးသမီး နှင့် ကလေးငယ်များအပေါ် ခွဲခြားမှုဖြစ်ပေါ်စေခြင်း သို့မဟုတ် ဖိနှိပ်မှုဖြစ်စေခြင်းများ ကို အမြဲတစေ ရှောင်ရှားရမည်။

၇။ Zalen Media မှ ထုတ်လွှင့်သော သတင်းများသည် လူမျိုးရေး ခွဲခြားခြင်း ၊ ကျား/မ တန်းတူညီမျှမှုကို ခွဲခြားခြင်း ၊ လိင်ကွဲများအပေါ် ခွဲခြားခြင်း နှင့် သက်ကြီးရွယ်အို ၊ မိဘမဲ့ ၊ ကလေးသူငယ် နှင့် မသန်စွမ်းများအပေါ် ခွဲခြားခြင်း (သို့မဟုတ်) ခွဲခြားဆက်ဆံသည်ဟု မှတ်ယူနိုင်ဖွယ်ရှိသော အရေးအသား၊ အပြောအဆို နှင့် တင်ဆက်မှုများ ရှောင်ရှားရမည်။

၈။   အဓိကအားဖြင့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်၊ ဆေးဝါးနဲ့ဆေးဝါးထုတ်ကုန်အန္တရာယ်၊ ဘာသာရေး၊ အများပြည်သူ အကျိုးစီးပွားထိခိုက်စေမယ့်  ဖြစ်စေမဲ့ သတင်းမှားတွေကို စိစစ်ပြီး ပြည်သူကို အသိပေး တင်ဆက်ရမည်။

၉။ စိစစ်မှုလုပ်တဲ့အခါမှာ ယုံကြည်ရတဲ့သတင်းအရင်းအမြစ်နဲ့ ခိုင်မာတဲ့ ဌာနဆိုင်ရာ/အဖွဲ့အစည်းများရဲ့ ထုတ်ပြန်ချက်တွေကိုသာ ရယူကိုးကားခြင်း၊ အချက်အလက်စစ်ဆေးတဲ့ Search Engines, Tools များ အသုံး ပြုပြီး တိုက်ဆိုင်စိစစ်အတည်ပြုထုတ်ပြန်ခြင်းများကိုသာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

၁၀။ Zalen Media မှ ထုတ်လွှင့်သော သတင်းများတွင် နစ်နာသူများ ရှိခဲ့လျှင် လူသားခြင်း စာနာထောက်ထားခြင်းအားဖြင့် တိကျသော ကိုယ်ပိုင်အချက်အလက်များကို ထိန်ချန်ထားရမည်။

၁၁။ သတင်းမှား ဖော်ပြခြင်း ၊ ဘက်လိုက်မှု ရှိသော သတင်းများ တင်ပြခြင်း သို့မဟုတ် အများပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ခံယူချက်များ လွဲမှားစေရန် ရည်ရွယ်သည့် ဝါဒဖြန့်ပုံစံ သတင်းများ တင်ပြခြင်းများကို ရှောင်ကျဉ်ရမည်။

၁၂။ အချက်စစ်ဆေးတဲ့ အကြောင်းအရာ တွေကို အနည်း သက်သေပြလိုတဲ့ အရင်းအမြစ် ၃ ခုပါဝင်မှ ထုတ်ပြန်တင်ပြပါမည်။

၁၃။ အချက်အလက် စိစစ်ထားတဲ့ အကြောင်းအရာတွေကိုလည်း အရိုးရှင်းဆုံး ပုံစံနဲ့ တင်ပြသွားပါမည်။ Facts checking သတင်းတစ်ပုဒ်ကို ( ၁, ခေါင်းစဉ်ကြီး- ၂၊ စစ်ဆေးရတဲ့ အကြောင်းအရင်း၊- ၃၊ သတင်းအမှား အကြောင်းအရာကဘာလဲ ပျံ့နှံ့- ၄- သတင်းစိစစ်ချက် – ၅၊ သုံးသပ်ချက်- ၆၊ အနှစ်ချုပ်) စသည်ဖြင်တည်ဆောက်ပါမည်။

၁၄။အချက်အလက်စစ်ဆေးထားတဲ့ အကြောင်းအရာကို တည်းဖြတ်သူ အတည်ပြုချက်ရယူပြီးမှသာ ပြည်သူတွေကို အသိပေးတင်ဆက်သွားပါမည်။

သတင်းတု သတင်းမှားအမျိုးအစားသတ်မှတ်ချက်

False News (သတင်းအမှား) = False News ဆိုတာ သတင်းအချက်အလက်အကြောင်းအရာများ မှားယွင်းစွာဖော်ပြသည့်သတင်းကို ဆိုလိုသည်။

Fake News (သတင်းတု) = လုံးလုံးလျားလျားသတင်းအချက်အလက်အတု ဖော်ပြတဲ့သတင်းကို သတင်းတုလို့ခေါ်သည်။

Missing content (လှည့်ဖြားမှားယွင်းတင်ဆက်ချက်) = သတင်းအချက်အလက်မှန်ကန်သော်လည်း မိမိလိုရာဆွဲပြီး သတင်းကိုပုံပျက်အောင်၊ အဓိပ္ပာယ်ပြောင်းအောင် ရေးသားထားတဲ့သတင်းကို ဆိုလိုသည်။

၁၅။ နံပါတ် ၁၁ အချက်ပါ သတင်းများ တွေ့ရှိပါက ပွင့်လင်းမြင်သာစွာ ပြန်လည် ပြုပြင် ပြင်ဆင်ပြီး အမှန်ကို သိသိချင်း  ပြန်လည်ချပြရမည်။

၁၆။ မြေပြင်သတင်းပေးပို့သည့် ဝန်ထမ်းများမှ သော်လည်းကောင်း၊ အခြားထောက်ပြသည့် သူများထံမှ သော်လည်းကောင်း သတင်းအတိအကျ ရရှိသည့်နေ့မှစ၍ တစ်ရက်အတွင်း ပြင်ဆင်ချက်များနှင့် ယခင်တင်ပြချက်များအား သိသာစေရန် တင်ပြသွားရမည်။

နောက်ဆုံးရသတင်းများ

သုံးနှစ်ကျော်အတွင်း နေအိမ်အပါအ၀င် ပိုင်ဆိုင်မှု တစ်ထောင်ကျော် ချိပ်ပိတ်သိမ်းဆည်းခံရ

၂၈၊ စက်တင်ဘာ၊ ၂၀၂၄ Zalen အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ အပါအ၀င် ပိုင်ဆိုင်မှု ၁၀၁၄ ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ NLD ...

ဆက်ဖတ်ရန်